ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ယူကရိန်းနိုင်ငံသားများက မယုံကြည်ကြကြောင်း စစ်တမ်းတစ်ခုတွင်ဖော်ပြ
Pika (NSS) - ဖေဖော်ဝါရီ ၁၇
ယူကရိန်းစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတဇီလန်စကီးက ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် နိုင်ငံ၏ အရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာ ခေါင်း ဆောင်မှုအပေါ် ပြည်သူလူထု၏ယုံကြည်မှုများ ကျဆင်းလာနေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော စစ်တမ်းအသစ်အရသိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရသော ဗိုလ်ချုပ်ကြီးအလက်စန်းဒါးဆေးစကီးကို ယူကရိန်းရှိ အရွယ်ရောက်ပြီးသူ(၄၀)ရာခိုင်နှုန်းကသာ ယုံကြည်ကြကြောင်း ဖေဖော်ဝါရီလ(၁၅)ရက်က ထုတ်ပြန်ခဲ့သော Kiev International Institute of Sociology (KIIS) ၏စစ်တမ်းအရ သိရသည်။ ထို့ပြင် စစ်တမ်းဖြေဆိုသူများ၏(၅၆)ရာခိုင်နှုန်းသည် အလက်စန်းဒါးဆေးစကီးကို မယုံကြည်ကြောင်း သို့မဟုတ် ၎င်းက မည်သူဖြစ်သည်ဆိုသည်ကို မသိရှိကြကြောင်း ဖြေဆိုခဲ့ကြသည်။ ကျန်ရှိနေသော ဖြေဆိုသူ(၄)ရာခိုင်နှုန်းက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ ဆုံးဖြတ်ချက် မချရသေးကြောင်း ဖြေဆိုခဲ့ကြသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသော ဗိုလ်ချုပ်ကြီး ဗီလာရီဇာလူစနီကို ယူကရိန်းနိုင်ငံသားများ၏(၉၄) ရာခိုင်နှုန်းက ယုံကြည်ကြကြောင်း အဆိုပါစစ်တမ်းတွင်တွေ့ရှိခဲ့သည်။ဗိုလ်ချုပ်ကြီး ဗီလာရီ ဇာလူစနီကို သမ္မတဇီလန်စကီးက ရာထူးမှဖယ်ရှားရန် လုပ်ဆောင်နေကြောင်း မီဒီယာများကဖော်ပြခဲ့ပြီးနောက် ဗီလာရီဇာလူစနီအပေါ်ယုံကြည်မှုမှာ ပိုမိုတိုးလာခဲ့သည်။ စစ်မြေပြင်ရှိ ဆိုးရွားလာသောအခြေအနေများနှင့် ခေါင်းဆောင်ပိုင်း အလှုပ်အခတ်များကြောင့် ယူကရိန်းသမ္မတဇီလန်စကီးအပေါ် ပြည်သူလူထု၏ယုံကြည်မှုများ ကျဆင်းလာခဲ့ကြောင်းလည်းသိရသည်။
ဇီလန်စကီးကို ယူကရိန်းနိုင်ငံသား(၆၄)ရာခိုင်နှုန်းကသာ ယုံကြည်ကြကြောင်း KIIS ၏ နောက်ဆုံးစစ်တမ်းကောက်ယူမှုအရသိရသည်။ ဇီလန်စကီးအပေါ် ပြည်သူလူထု၏ ယုံကြည်မှုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် (၇၇)ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနှင့်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ၎င်းအပေါ်ပြည်သူလူထု၏ ယုံကြည်မှုမှာ(၉၀)ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုံးပျံအသစ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ဂျပန်အာကာသအေဂျင်စီထုတ်ပြန်ကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ