ပအိုဝ်းဒေသ၌ စစ်ပွဲများ ရပ်တန့်ပေးရန် နှစ်ဖက်လက်နက်ကိုင်များကို ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့နှင့် ဒေသခံလူထုတောင်းဆိုနေ
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၇
ပအိုဝ်းဒေသအတွင်း၌ စစ်ပွဲများ ရပ်တန့်ပေးရန် နှစ်ဖက်လက်နက်ကိုင်များကို ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့နှင့် ဒေသခံလူထုက တောင်းဆိုနေလျက်ရှိသည်။
ဆီဆိုင်မြို့နယ်အတွင်း၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO၊ PNLA)နှင့် KNDF ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၄ ရက်တွင် တိုက်ပွဲများကို စတင်ဖော်ဆောင်ခဲ့သည်။
PNLO နှင့် KNDF ပူးပေါင်းအဖွဲ့သည် လက်ရှိကာလ၌ ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲဖော်ဆောင်မှု နည်းပါးသွားသော်လည်း ကျေးရွာများတွင် တိုက်ပွဲ ဆက်လက်ဖော်ဆောင်နေသည့်အတွက် ဒေသခံ ပအိုဝ်းပြည်သူများအနေဖြင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေလျက်ရှိကြောင်း သိရသည်။ပအိုဝ်းဒေသအတွင်း၌ တိုက်ပွဲများ ထပ်မံဖြစ်ပွား နေပါက သံဃာ တော်များနှင့် ပြည်သူလူထုအတွက် ဆုံးရှုံးမှုများ၊ စိတ်မချမ်းမြေ့ဖွယ်ရာများ၊ ဝမ်းနည်းပူ ဆွေးမှုများ ထပ်မံခံစားရမည်ကို နှစ်သက်လိုလားခြင်း မရှိတော့ကြောင်း ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာ့အဖွဲ့က ဆိုသည်။
ထို့ကြောင့် လက်နက်တပ်ဖွဲ့များအားလုံးအနေဖြင့် သံဃာတော်များနှင့် ပြည်သူလူထုကို ထောက် ထားငဲ့ညှာကာ စစ်ပွဲများရပ်တန့်ပေးပါရန် အဆိုပါအဖွဲ့က တောင်းဆိုထားသည်။
"အခုဟာက ကျေးရွာတွေကို လိုက်တိုက်တယ်။ ကျေးရွာလူထုပိုင် ပစ္စည်းတွေကိုခိုးတယ်။ သယ်တယ်။ ယူတယ်။ အကုန်လုံးသယ်တယ်။ အဲဒီလိုမျိုးလုပ်တဲ့ အခါကြတော့ လူထုတွေက စိတ်ဆင်းရဲတာပေါ့။ စိတ်ဆင်းရဲတဲ့အခါကြတော့ လူထုရဲ့ တောင်းဆိုချက် တွေကတော့ ဒီစစ်ပွဲကြီးကို အမြန်ဆုံးရပ်ပေးဖို့တော့ တောင်းဆိုကြတယ်။ ရဟန်းသံဃာတွေလည်း မေတ္တာရပ်ခံတယ်။ အဖွဲ့အစည်းပေါင်းစုံကလည်း မေတ္တာရပ်ခံတယ်" ဟု ဆီဆိုင်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ထို့ပြင် ပအိုဝ်းဒေသ၌ တိုက်ပွဲလာရောက် ဖော်ဆောင်သည့် PNLO / PNLA အနေဖြင့် င်းတို့၏ ကိုယ်ပိုင်နယ်မြေသို့ ပြန်လည်ထွက်ခွာသွားရန်နှင့် KNDF အနေဖြင့် ကယားပြည်နယ်သို့ ပြန်လည် ထွက်ခွာသွားရန် ဒေသခံများက တောင်းဆိုနေလျက်ရှိသည်။
"စံဖူးကျေးရွာအုပ်စုမှာလည်း KNDF က မာဝီခေါင်းဆောင်တဲ့ အဖွဲ့နဲ့ PNLO က ဦးကျော်ထင် ခေါင်းဆောင်တဲ့အဖွဲ့ ပေါင်းပြီးတော့မှ ပအိုဝ်းကျေး ရွာတွေကို လိုက်ပြီးတော့ တိုက်ပွဲတွေဖော်နေတယ်။ အဲဒီတော့ တိုက်ပွဲက ပြန့်ကျဲနေအောင် လုပ်နေတယ်။ တိုက်ပွဲက သူတို့ပြောထားတဲ့ စစ်အာဏာ ရှင်တို့၊ သူခိုး ဂျပိုးတိုက်ထုတ်မယ်တို့ ဘာတို့ဆိုတာက ဘာမှမဟုတ်တော့ဘူး" ဟု PNO/PNAမှ ထိပ်ပိုင်းအရာရှိ တစ်ဦးကလည်း NP News ကို ပြောသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားနေသည့် ဆီဆိုင်မြို့ရှိ မြို့မ ဈေး သည်လည်း ဖေဖော်ဝါရီလ ၁၅ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၅၀ဝ) ဝန်းကျင်ရှိသည့် အနက်(၁၀ဝ)ခန့်သည် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆီဆိုင်မြို့၏ (၅၀) ရာခိုင်နှုန်းခန့်သည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး သာသနအဆောက်အဦးများ၊ ဒေသခံပြည်သူ လူထုပိုင် နေအိမ်များသည်လည်း မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။ထို့ပြင် ပအိုဝ်းဒေသအတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု (၈၀ဝဝဝ)ခန့်သည်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာယီအပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် အစ္စရေးဝန်ကြီးချုပ်ကို တိုက်တွန်းထားကြောင်း အမေရိကန်သမ္မတပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ