ယာယီအပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် အစ္စရေးဝန်ကြီးချုပ်ကို တိုက်တွန်းထားကြောင်း အမေရိကန်သမ္မတပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၇
အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးကို တွန်းအားပေးရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီလ(၁၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သော ဓါးစာခံများလွတ်မြောက်စေရေးအတွက် ယာယီအပစ်အခတ်ရပ်စဲထားရန် အစ္စရေးကို တိုက်တွန်းထားကြောင်း အမေရိကန်အစိုးရကပြောဆိုခဲ့သည်။ဂျိုးဘိုင်ဒန်က "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုတွေကို တစ်နာရီနီးပါးလုပ်ဆောင်ခဲ့ပါတယ်။အကျဉ်းသားတွေ၊ ဓါးစာခံတွေလွတ်မြောက်ဖို့အတွက် ယာယီအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ပါလက်စတိုင်းအရပ်သားပြည်သူများကို ကာကွယ်ရန်အတွက် တိကျသောအစီအစဉ်များမရှိဘဲ ရာဖဲလ်မြို့ကို စစ်ဆင်ရေးများ မလုပ်ဆောင်သင့်ကြောင်း နေတန်ရာဟုကို ဂျိုးဘိုင်ဒန်ကထပ်မံပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ လ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အစ္စရေး၏ထိုးစစ်ဆင်မှုများကြောင့် လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၂၈၄၇၃)ဦးသေဆုံးခဲ့ပြီး အခြားလူ (၆၈၁၄၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချီဖွေမြို့နယ်က ဖရဲရွာတွင် မြေရှားသတ္တုတူးဖော်မှုအပေါ် ဒေသခံများက သွားရောက်ကန့်ကွက်စဉ် KIA က ဗုံးဖြင့်ပစ်ကာ လူစုခွဲပြီး ပါဝင်သူများကို လိုက်လံဖမ်းဆီး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း