Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဆိုလျှင် အကြမ်းဖက်သမားများကို ကြီးမားသောဆုကြေးပေးလိုက်သလိုမျိုးဖြစ်လာမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၆ 

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုရန် ငြင်းဆန်လိုက်ပြီး ယင်းကဲ့သို့ အသိအမှတ်ပြုပေးလိုက်ခြင်းက အကြမ်းဖက်သမားများကို ကြီးမားသောဆုကြေပေးသလိုမျိုးဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးနိုင်ငံ၏ အဓိကမဟာမိတ်ဖြစ်သောအမေရိကန်နိုင်ငံသည် အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံကြား ကာလအတန်ကြာဖြစ်ပွားနေသည့် ပဋိပက္ခများကိုအဆုံးသတ်နိုင်ရန်အတွက် အာရပ်နိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးနေပြီး ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အဆိုပြုကမ်းလှမ်းခြင်းများ ရှိနေကြောင်း သိရသည်။


နေတန်ရာဟုက “အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမှုတွေ ဆန့်ကျင်နေတာ ဆက်လက်လုပ်ဆောင်မယ်။ ၂ဝ၂၃ ခုနှစ်မှာ အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ လုပ်ဆောင်သွားမယ်။ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်ဆို ရင် ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကိုကြီးမားတဲ့ ဆုကြေးပေးသလိုမျိုး ဖြစ်လာနိုင်တယ်။ အဲဒီလုပ်ရပ်က အနာဂါတ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဟန့်အတားဖြစ်လာဖွယ်ရှိနေပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေနဲ့ အမြဲတမ်းယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့စိုးရိမ်ချက်တွေကို ငြင်းဆန် ပယ်ချပါတယ်" ဟုပြောသည်။ထိုအပြင် အစ္စရေးဝန်ကြီးချုပ်က ကြိုတင်ကန့်သတ်ချက်မရှိဘဲ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိနိုင်ကြောင်း ပြောသည်။

အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာဒေသစစ်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးသဘောတူညီများသည်  မွတ်စလင်များ၏ရာမာဒန်ကာလဖြစ်သော မတ်လ ၁ဝ ရက်မတိုင်မီ ရရှိနိုင်မည်ဟု မျှော်လင့်ချက်များလည်း ရှိနေကြောင်း အမေရိကန်အခြေစိုက်ဝါရှင်တန်ပိုစ့်သတင်းစာက ဖော်ပြထားသည်။ ဟားမက်စ် နှင့် အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးက အနည်းဆုံးနောက်ထပ် သီတင်းပတ်ခြောက်ပတ်အတွင်း စတင်နိုင်မည်ဟု အစ္စရေးအစိုးရတာဝန်ရှိသူများ၏ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်သတင်းစာတွင် ဖော်ပြ ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားသို့ မွန်ပြည်နယ်မှ ဆားကြမ်းတန်ချိန် ငါးထောင် တင်ပို့မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved