Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်စည်သင်္ဘောများကို တိုက်ခိုက်မှုရပ်တန့်မည်ဆိုလျှင် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများ ရပ်တန့်မည်

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၆ 

ပင်လယ်နီဒေသတွင် ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုလျှင် အမေရိကန်တပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ်တိုက်ခိုက်နေခြင်းများကို ရပ်တန့်သွားဖွယ်ရှိနေကြောင်း၊ အမေရိကန် အကြီးတန်းသံတမန်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။


ယီမင်နိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သော တင်လင်ဒါကင်က "ဟူသီလက်နက်ကိုင် အဖွဲ့တွေရဲ့လုပ်နိုင်စွမ်းတွေကိုလျော့ချဖို့ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ အလွန်အောင်မြင်ခဲ့ပါတယ်။ ဟူသီ လက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ တွေဟာ ပင်လယ်နီဒေသအတွင်း ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်မှုရပ်တန့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ လည်း ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားနိုင်ပါတယ်" ဟု ပြောသည်။

အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အုပ်စုများသည် ပါလက်စတိုင်းပြည်သူများကို အားပေးထောက်ခံကြောင်း ပြသနိုင်ရန်အတွက် ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်း နေသော နိုင်ငံတကာကုန်စည်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 


ဟူသီလက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သော နှစ်နိုဝင်ဘာလနောက်ပိုင်းတည်းက ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်းနေသောကုန်စည်သင်္ဘောများကို အကြိမ်ပေါင်း ၄ဝ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန် နှင့် ဗြိတိန်တို့ဦးဆောင်သော ညွှန်ပေါင်းအဖွဲ့သည် ဟူသီလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှု ရပ်တန့်ရန် နှင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်များကိုလျော့နည်းစေရန်အတွက် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စု၏ စစ်ဘက်ဆိုင်ရာအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်စစ်ဘက်က "ပရော်ဖက်ရှင်နယ်ပီသစွာလုပ်ဆောင်ခဲ့တယ်။ အမေရိကန်စစ်သားတွေဟာ ဘာလုပ် ဆောင်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ပစ်မှတ်တွေကို ဖျက်ဆီးနိုင်ဖို့ တိုက်ခိုက်မှုတွေတော့ ဆက်လက်ရှိနေမှာဖြစ်တယ်" ဟု ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အဇာဘိုင်ဂျန်နိုင်ငံက အင်အားအပြည့်ဖြင့် စစ်ပွဲဆင်နွှဲရန် စီစဉ်နေကြောင်း အာမေးနီးယားအစိုးရ စွပ်စွဲ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved