မြန်မာနေရှင်နယ်လိဂ်တွင် တချိန်က ပရိသတ်များ သဘောကျနှစ်ခြိုက်ခဲ့ရသော ကျော်ကိုကို-ကြည်လင်း တိုက်စစ် အတွဲကို ပြန်လည်မြင်တွေ့ရမည်
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၆
မြန်မာနေရှင်နယ်လိဂ်(MNL)တွင် တချိန်က ပရိသတ်များသဘောကျနှစ်ခြိုက်ခဲ့ရသော ကျော်ကိုကို-ကြည်လင်း တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက်သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားဟောင်းဖြစ်သည့် နာမည် ကျော် ကျော်ကိုကို ကိုခေါ်ယူခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်တွင် နာမည်ကျော်မြန်မာ့လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း ကြည်လင်းနှင့် တစ်နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးခဲရာ ယခင်က မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းတို့တွင် အတွဲညီခဲ့ကြသည့် ကျော်ကိုကို-ကြည်လင်းတိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။
ယခင်က မြန်မာ့လက်ရွေးစင်အသင်းတွင် “ကေသုံးလုံး” တိုက်စစ်ဟုလူသိများခဲ့သည့် ကျော်ကိုကို-ကြည်လင်း-ကျော်ဇေယျာဝင်းတို့ပါဝင်ခဲ့ပြီး ယခုအခါ ကျော်ကိုကိုနှင့် ကြည်လင်းတို့ တစ်သင်းထဲတွင် တွဲဖက်မိသွားခြင်းဖြစ်ရာ ၎င်းတို့(၂)ဦး၏ ကွင်းအတွင်း ကစားကွက် မည်မျှတွဲဖက်နိုင်မည်ကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထားဖြစ် သည်။
ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သည့် ကျော်ကိုကို၊ ကြည်လင်း၊ ကောင်းစည်သူ၊ သီဟထက်အောင် နှင့် နန်းဝေမင်း တို့ကဲ့သို့ နာမည်ရှိ ဝါရင့်ကစားသမားကောင်း များစွာကိုလည်း ခေါ်ယူအားဖြည့်ထားပြီး နည်းစနစ်ပိုင်းအတွက် အာဖရိကမော်ရင်ဟိုဟု နာမည်ပြောင်ပေးခဲ့ရသည် နိုင်ငံခြားသား နည်းပြတစ်ဦးဖြစ်သည့် ပေါ်တူဂီလူမျိုးနည်းပြ Paulo Jorge Silva ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခေါ်ယူခဲ့ သည်။
ထို့ပြင် ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်တွင် ကစားသမားလစာကို ကြေညာခေါ်ယူသည့် ပထမဆုံးအသင်းတစ်သင်းဖြစ်သည်။
ပြီးခဲ့သည့်ဘောလုံးရာသီ၌ အဆင့်(၈)နေရာနှင့်သာ ကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်သည် ယခုနှစ်အပြောင်း အရွေ့ရာသီ၌ ကစားသမားကောင်းများနှင့်ပြန်လည်စုဖွဲ့လာခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်တွင် ရလဒ်ကောင်းများ ရရှိရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်စည်သင်္ဘောများကို တိုက်ခိုက်မှုရပ်တန့်မည်ဆိုလျှင် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများ ရပ်တန့်မည်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း