DTH စနစ်ဖြင့် ရုပ်သံလိုင်း (၇)လိုင်းထုတ်လွှင့် နေရာ မှ ရုပ်သံလိုင်း (၁၉) လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်မည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၆
Direct To Home (DTH) စနစ်ဖြင့် ရုပ်သံလိုင်း (၇)လိုင်းထုတ်လွှင့်နေရာမှ ရုပ်သံလိုင်း(၁၉)လိုင်း အထိ တိုးချဲ့ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ(၁၅)ရက်တွင် နေပြည်တော် တပ်ကုန်း မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ရုံးချုပ်၌ ကျင်းပသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
MRTV အနေဖြင့် အာဆီယံနိုင်ငံများ၌ "Analogue Switch Off-ASO" ဟုခေါ်သည့် Analogue စနစ်နှင့် ရုပ်သံထုတ်လွှင့်မှုရပ်ဆိုင်းရန် သဘောတူညီထားကြသည့် အစီအစဉ်ထဲမှ Pilot Project တစ်ခုဖြစ်သည့် နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးသုံးမြို့အတွက် ထုတ်လွှင့်နေသည့် ထပ်ဆင့်လွှင့်စက်ရုံ သုံးရုံမှ Analogueစနစ် ထုတ်လွှင့်မှုကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။ ထိုသို့ရပ်ဆိုင်းပြီးနောက် အဆိုပါမြို့ကြီးသုံးမြို့တွင် ဒစ်ဂျစ်တယ် စနစ်တစ်ခုဖြစ်သည့် Digital Video Broadcasting – Second Generation Terrestrial (DVB-T2) စနစ်ဖြင့် ထုတ်လွှင့်နေသည့်ရုပ်သံ (၁၈) လိုင်းထဲတွင် High Definition (HD) Quality နှင့် ရုပ်သံလိုင်း (၂) လိုင်းသာ ထုတ်လွှင့်နိုင်ရာမှ ယခုအခါ (၁၁)လိုင်း အထိ အဆင့်မြှင့်တင်ပြီး တိုးချဲ့ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Direct To Home (DTH) စနစ်ဖြင့် ရုပ်သံလိုင်း (၇) လိုင်းသာထုတ်လွှင့်နေရာမှ ယခုအခါ ရုပ်သံလိုင်း (၁၉) လိုင်းအထိ တိုးချဲ့ထုတ်လွှင့်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
MRTV onf Broadcast Media များဖြစ်သည့် TV နှင့်Radio တို့မှ ထုတ်လွှင့်ရာ၌ New Media ဟုခေါ်သည့် Online Media တွင်လည်း "MRTV Application" အပါအဝင် Social Media Platform မှ ထုတ်လွှင့်ပေးနေကြောင်း သိရသည်။ ထို့ပြင် တိုင်း ရင်းသားဘာသာစကား (၁၈) မျိုး အပါအဝင် စုစု ပေါင်း ဘာသာစကား (၂၀) မျိုးနှင့် ထုတ်လွှင့်နိုင် သည်မှာလည်း ရုပ်သံလွှင့်မီဒီယာအဖွဲ့အစည်းကြီး အဖြစ် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာကေတမြို့နယ်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ