သာကေတမြို့နယ်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိ
သန့်ဇင်(NSS) - ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်)၊ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ရတနာလမ်းမကြီး၊ လယ်ယာ(၂)လမ်းထိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စတိုက်တာက တက္ကစီကအရှိန်လွန်ပြီး Proboxကိုဝင်တိုက်တယ်။ ပြီးတော့ Suzuki ကားကို ထပ်တိုက်တယ်။ ပြီးတော့မှ HIJET ကို တိုက်လိုက်တာမှာ HIJET က လဲသွားပြီး အဲဒီကနေ ဘေးတွဲဆိုင်ကယ်ကို ထပ်တိုက်မိတာပါ” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် HIJET ကားပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းအမျိုးသား အပါအဝင် အမျိုးသား(၄)ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တော့ HIJET က မှောက်သွားပြီး အဲဒီကားထဲက ယာဉ်မောင်းရယ် နောက်ကလိုက်လာတဲ့ ကောင်လေး (၃)ယောက် အပါအဝင် စုစုပေါင်း(၄)ယောက် ပွန်းပဲ့ဒဏ်ရာတွေရကုန်တယ်။ အခြားကားတွေကတော့ ပိန်တာလောက်ပဲရှိတယ်။ အကြံပြုချင်တာကတော့ ကိုယ်နိုင်တဲ့အရှိန်လောက်ကိုပဲ နိုင်နိုင်နင်းနင်းမောင်းစေချင် တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CMP အတွက် လိုအပ်သည့်သွင်းအားစုများနှင့် အထည်ချုပ်လုပ်ငန်းတွင်သုံးသည့် ဓါတုပစ္စည်းများ သွင်းကုန် လိုင်စင်လွယ်ကူစွာရရှိရေး MGMA က ကူညီပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း