ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ များပြားနေသဖြင့် တစ်ရက်လျှင် လူဦးရေ (၄၀၀) သာလက်ခံပေးမည်
Pearl (NSS) - ဖေဖော်ဝါရီ ၁၅
ယခုလတ်တလောတွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ များပြားနေသဖြင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ လူဦးရေ (၄၀၀)သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ရီလ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်ကြေညာထားသည်။
ထို့အတူ တန်းစီစနစ်ကျင့်သုံးမည်ဖြစ်ပြီး နံနက်(၈)နာရီခွဲမှစတင်၍ ဗီဇာလျှောက်မည့်သူများကို တိုကင်နံပါတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများမှ ပတ်စပိုစ့်နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူ၍ နာမည်စာရင်းရေးမှတ်ရမည် ဖြစ်သည့်အတွက် အဆိုပါတိုကင်နံပါတ်ကို တခြားသူထံ လွှဲပြောင်းခြင်းပြုလုပ်နိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။
ထို့ပြင် တိုကင်နံပါတ်တစ်ခုသည် လျှောက်မည့်လူတစ်ဦးအတွက်သာ အကျုံး ဝင်ပြီး တိုကင်အား အလွဲသုံးစားလုပ်ခြင်း (သို့) အတုအပပြုလုပ်သည်ကိုတွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်မည်ဖြစ်ပြီး Blacklist ထဲ၌ မှတ်တမ်းတင်မည်ဖြစ်ကြောင်း သံရုံးက သတိပေးထားသည်။
ဗီဇာလျှောက်လွှာများအား နံနက် (၉)နာရီမှစတင် လက်ခံမည်ဖြစ်ပြီး လျှောက်လွှာမတင်မီ တင်မည့်သူ နှင့် နာမည်စာရင်း ပေးထားသူ၏ ပတ်စပိုစ့်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးမှသာ လျှောက်လွှာများကိုလက်ခံမည်ဖြစ် ကြောင်း နှင့် လျှောက်လွှာတင်ပြီးပါက တိုကင်နံပါတ်များအား တာဝန်ရှိသူများထံ ပြန်ပေးရမည်ဖြစ်ကြောင်း သိရသည်။
စာရွက်စာတမ်းအချက်အလက်များမပြည့်စုံပါက လျှောက်လွှာများအား လက်ခံမည် မဟုတ်ကြောင်း နှင့် တိုကင်နံပါတ်များ ပျောက်ဆုံး (သို့မ ဟုတ်) ပျက်စီးပါက ဗီဇာလျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း လည်း ထိုင်းသံရုံးက သတိပေးထုတ်ပြန်ထားသည်။
နစက အနေဖြင့် ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ထိုင်းသံရုံးရှေ့ ၌ ဗီဇာလျှောက်ထားသူ များပြားလာခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးတို့ Rafah မြို့ကို ပစ်မှတ်ထားတိုက်ခိုက်ရန် သေချာလာသည်နှင့်အမျှ မြို့နေပြည်သူများ စိုးရိမ်စိတ်ကြီးထွားလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ