အီရန်သင်္ဘောများ ဖမ်းဆီးခံရမည်ဆိုလျှင် လက်တုံ့ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတအကြံပေးဖြစ်သူ သတိပေး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၅
အီရန်နိုင်ငံအနေဖြင့် ၎င်း၏ သင်္ဘာများ ဖမ်းဆီးခံရမည်ဆိုလျှင် လက်တုံ့ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ ၏ ဥပဒေဆိုင်ရာအကြံပေးဖြစ်သူကထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံသည် အီရန်စစ်တပ်၏ ဘဏ္ဍာရေးပိုင်းကို ဖြတ်တောက်ရန်အတွက် အီရန်နိုင်ငံ၏ရေနံစည်ပေါင်း ၅၀၀၀၀ ကျော်တင်ဆောင်လာသောသင်္ဘောကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အီရန်အစိုးရက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အီရန်သမ္မတ၏ ဥပဒေပိုင်းဆိုင်ရာအကြံပေးဖြစ်သူ မိုဟာမတ်ဒီဟန်က "အီရန်သင်္ဘောတွေ ဖမ်းဆီးခံရမယ်ဆိုရင် အဲဒီအပေါ် ပြန်တုံ့ပြန်သွားမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေလမ်းကြောင်းကနေ ဆောင်ရွက်စရာရှိတာတွေ လုပ်ဆောင်သွားမယ်" ဟု ပြောသည်။
အီရန်တရားရုံးစနစ်အရ အီရန်နိုင်ငံသည် ၎င်းတို့သင်္ဘောများကို ဖမ်းဆီးသောနိုင်ငံများ၏ သင်္ဘောများကို ပြန်လည် ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိနေကြောင်းသိရသည်။ ပြီးခဲ့သောနှစ်တွင် အီရန်နိုင်ငံထံမှ အကူအညီရရှိထားသော ဟူသီလက်နက်ကိုင်အုပ်စုသည် ပင်လယ်နီဒေသအတွင်းမှဖြတ်သန်းသော ကုန်စည်သင်္ဘောများကို တိုက်ခိုက်ခဲ့ပြီး နောက် ကမ္ဘာကုန်စည်သင်္ဘောများ၏ ပင်လယ်နီဒေသကိုဖြတ်သန်းသွားလာမှု အခက်ခဲဖြစ်ခဲ့ရကြောင်း သိရသည်။ အီရန်သမ္မတအကြံပေးသည် အမေရိကန်နိုင်ငံက အီရန်သင်္ဘောကို ဖမ်းဆီးခဲ့ခြင်းရှိ/မရှိ ဆိုသောအချက်ကို အတည်ပြုပြောဆိုခြင်းမျိုးတော့ မရှိခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အီရန် နိုင်ငံ၏အထောက်ပံ့ကို ရရှိခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများသည် အမေရိကန် နှင့် အစ္စရေးတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ များပြားနေသဖြင့် တစ်ရက်လျှင် လူဦးရေ (၄၀၀) သာလက်ခံပေးမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ