ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ(၇၀)သာ ရောင်းချသွားမည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၅
လာမည့် ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ(၇၀)သာ ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ JLPT စာမေးပွဲကျင်းပရေးကော်မတီမှ ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
လာမည့် ဇူလိုင်လ(၇)ရက်တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အ ချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာလာရောက်ဝယ်ယူသူ များပြားနိုင်ခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်မှုအား ထိန်းချုပ်နိုင်ရန် ရက်ချိန်းရယူသည့်စနစ်(Booking System)ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် သင်တန်းကျောင်းအရေအတွက်များပြားခြင်းကြောင့် လျှောက်လွှာအရေအတွက် လျှော့ချသတ်မှတ်သွားမည်ဖြစ်ပြီး သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀)စောင်နှုန်းဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမှသာ (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း MAJA က အသိပေးထားသည်။
လျှောက်လွှာဝယ်ယူမည့် သင်တန်းကျောင်းများအနေဖြင့် https://forms.gle/8ocXKdoY2S3SqwWU9 မှတဆင့် ဖေဖော် ဝါရီလ(၁၉)ရက်မှ (၂၃)ရက်အထိ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ JLPT စာမေးပွဲကို လာမည့်ဇူလိုင်(၇)ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို ဖေဖော်ဝါရီလ(၂၉)ရက်မှ မတ်လ (၂)ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကာ မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာအရောင်းကာလကို ဖေဖော်ဝါရီလ(၂၉)ရက်မှ မတ်လ(၁)ရက်အထိ သတ်မှတ်ထားသည်။
ထို့ပြင် လျှောက်လွှာလက်ခံကာလကို ရန်ကုန်စာဖြေဌာနအတွက် မတ်လ (၄)ရက်မှ (၁၁)ရက်အထိ သတ်မှတ်ထားပြီး မန္တလေးစာဖြေဌာန၏ လျှောက် လွှာလက်ခံကာလကို မတ်လ(၄)ရက်မှ (၅)ရက်အထိသာ သတ်မှတ်ထားသည်။ စားမေးပွဲနှင့် လျှောက်လွှာတင်ကြေးများအနေဖြင့် N1 မှ N3 အထိကို (၅၀၀၀၀)ကျပ်သတ်မှတ်ထားပြီး N4 နှင့် N5 ကို (၄၅၀၀၀) ကျပ်သတ်မှတ်ထားကြောင်း MAJA မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၃)ရက်ကလည်း ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ 2023 JLPT စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးတို့တွင်ကျင်းပခဲ့ပြီး လာရောက် ဖြေဆိုသူများပြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်သင်္ဘောများ ဖမ်းဆီးခံရမည်ဆိုလျှင် လက်တုံ့ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတအကြံပေးဖြစ်သူ သတိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း