ကျူးဘားနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးများ ထူထောင်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၅
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ စစ်အေးခေတ်မဟာမိတ်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံနှင့်သံတမန်ဆက်ဆံရေးများ ထူထောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၁၄)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တောင်ကိုရီးယားနှင့်ကျူးဘားတို့၏ ကုလသမဂ္ဂကိုယ်စားလှယ်များသည် စာများအပြန်အလှန်ပေးပို့ခဲ့ကြပြီး သံတမန်ဆက်ဆံရေးများထူထောင်ရန် နှစ်နိုင်ငံလုံးက သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ကျူးဘားနိုင်ငံသည် ၁၉၆၀ ခုနှစ်တွင် ထူထောင်ထားသော မြောက်ကိုရီးယား နှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး နှစ်နိုင်ငံကြားမျှဝေထားသော ဆိုရှယ်လစ်ဝါဒ နှင့် အမေရိကန်အပေါ် ရန်လိုမှုများသည် ၎င်းတို့ကို ပေါင်းစည်းစေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကျူးဘားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တွင် ၎င်းတို့၏သံရုံးကို ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် သေဆုံးသွားပြီဖြစ်သော ကျူးဘားသမ္မတဟောင်း ဖီဒယ်လ်ကတ်စ်ထရိုကို ရဲဘော်ရဲဘက်တစ်ဦးဟု ခေါ်ဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဖီဒယ်လ်ကတ်စ်ထရိုသည် ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံက ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို သုံးရက်ကြာကျင်းပခဲ့ကြောင်းသိရသည်။ ကိုရီးယားနှင့် ကျူးဘားနိုင်ငံကြား သံတမန်ဆက်ဆံရေးအသစ်သည် လက်တင်အမေရိကဒေသတွင် သံတမန်ရေးများ အားကောင်းလာစေရန် ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားအတွက် အရေး ကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး မြန်မာလုပ်သားများကို အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများသို့ တရားဝင်စေလွှတ်နိုင်ရေး ဆောင်ရွက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ