နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး မြန်မာလုပ်သားများကို အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများသို့ တရားဝင်စေလွှတ်နိုင်ရေး ဆောင်ရွက်မည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၅
နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး မြန်မာလုပ်သားများကို အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများသို့ တရားဝင်စေလွှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဒူဘိုင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်သူငြိမ်းက ဖေဖော်ဝါရီလ(၁၀)ရက်မှ (၁၁)ရက်အထိ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပခဲ့သည့် The 7th Abu Dhabi Dialogue Ministerial Consultation သို့ တက်ရောက်စဥ် အထက် ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်က အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများသို့ လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ပြောကြားခဲ့သည်။
The 7th Abu Dhabi Dialogue Ministerial Consultation ကို ဥက္ကဋ္ဌအဖြစ် ပါကစ္စတန်နိုင်ငံမှဆောင်ရွက်ခဲ့ပြီး အိမ်ရှင်နိုင်ငံအဖြစ် ယူအေအီးနိုင်ငံက တာဝန်ယူကျင်းပ၍ ကနေဒါ၊ ကမ္ဘောဒီးယား၊ မြန်မာ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများကို ဧည့်နိုင်ငံများအဖြစ် ထည့်သွင်းဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
Abu Dhabi Dialogue ကို ၂၀၀၈ ခုနှစ်အတွင်း အာရှတိုက်ရှိ အလုပ်သမားစေလွှတ်သည့် နိုင်ငံများနှင့် အဓိကလာရောက် အလုပ်လုပ်ကိုင်ကြသည့်နိုင်ငံများအကြား အလုပ်သမားရေးရာ ကိစ္စများကို ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်ခံနိုင်ငံ (၇) နိုင်ငံဖြစ်သော ဘာရိန်း၊ ကူဝိတ်၊ မလေးရှား၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီးနိုင်ငံ ပါဝင်ပြီး စေလွှတ်နိုင်ငံ (၁၀) နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်း (၂၇၀၀)ကျော် တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက် ဖော်ထုတ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ