အစ္စရေးဝန်ကြီးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုများကို လျစ်လျူရှုနေကြောင်း ဥရောပသမဂ္ဂအကြီးအကဲဝေဖန်
Pika (NSS) - ဖေဖော်ဝါရီ ၁၅
ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ထိုးစစ်ဆင်မှုများအတွင်း အရပ်သားသေဆုံးမှုများ မရှိအောင်လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုများကို အစ္စရေးဝန်ကြီးချုပ် နေတန် ရာဟုက လျစ်လျူရှုနေကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ပြောကြားခဲ့သည်။
နေတန်ရာဟု၏ လျစ်လျူရှုနေမှုများကြောင့် အစ္စရေးသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမှုကို လျှော့ချသင့်ကြောင်း ဂျိုးဆက်ဘော်ရဲလ်က ထပ်မံပြောဆိုခဲ့သည်။ အစ္စရေး၏ထိုးစစ်ဆင်မှုများကြောင့် လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၂၈၄၇၃)ဦးသေဆုံးခဲ့ပြီး အခြားလူ (၆၈၁၄၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက် အလက်များအရ သိရသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် အစ္စရေးစစ်တပ်က လက်တုံ့ပြန်တိုက်ခိုက်မှု များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဂျိုးဆက်ဘော်ရဲလ်က “ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားအများအပြား အသတ်ခံနေရတယ်လို့ ထင်ကြရင် တားဆီးမှုတွေလုပ်ဆောင်ဖို့အတွက် အစ္စရေးကို စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေ လျှော့ချသင့်ပါတယ်။ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို လုပ်ဆောင် နေတာလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည် တယ်ဆိုရင် အစ္စရေးကိုစစ်လက်နက်ပစ္စည်း ထောက် ပံ့ပေးတာတွေ ရပ်တန့်ဖို့ ကျွန်တော်တို့စဉ်းစားရပါမယ်”ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ဂျိုးဆက်ဘော် ရဲလ် သည် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများလုပ်ဆောင်ခဲ့ကြောင်း လည်းသိရသည်။
ဂျိုးဆက်ဘော်ရဲလ်က “လူတိုင်းဟာ အစ္စရေးနိုင်ငံ Tel Aviv မြို့ကို သွားပြီး ဒီလိုမျိုးတွေ မလုပ်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ အရပ်သား တွေကို မသတ်ဖို့ တောင်းပန်ပြောဆိုကြည့်လိုက်ပါ။နေတန်ရာဟုဟာ ဘယ်သူ့စကားကိုမှ နားမထောင် တာမလို့ ဒီတောင်းပန်မှုတွေက အချည်းအနှီးပဲ ဖြစ် သွားမှာပါ”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျူးဘားနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးများ ထူထောင်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ