အီရတ်နှင့်ဆီးရီးယားတို့ရှိ တပ်ဖွဲ့ဝင်များကို လက်ရှိအချိန်တွင် ပြန်လည်ရုတ်သိမ်းသွားမည် မဟုတ် ကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၅
အီရတ်နှင့်ဆီးရီးယားတို့ရှိ အမေရိကန် တပ်ဖွဲ့များကို လက်ရှိအချိန်တွင် ပြန်လည်ရုတ်သိမ်း သွားမည်မဟုတ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အမေရိကန်တပ်ဖွဲ့များသည် ဒေသတွင်းနိုင်ငံ သုံးနိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများ အား ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အီရတ်၊ ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်တပ်ဖွဲ့ များသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတည်းက အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များ၏ အကြိမ်ပေါင်း(၁၇၀)ကျော် ပစ်မှတ်ထားတိုက်ခိုက် ခြင်းကို ခံခဲ့ရသော်လည်း ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့များကို ချက်ချင်းပြန်လည်ရုတ်သိမ်းရန် အစီအစဉ်များမရှိသေးကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကပြောကြားခဲ့သည်။
ပြီးခဲ့သည့်(၂)လအတွင်း အမေရိကန် တပ်ဖွဲ့များသည် အီရတ်စစ်သွေးကြွအဖွဲ့၏ ထိပ်တန်း တပ်မှူး အနည်းဆုံး(၂)ဦးကို သတ်ပစ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်၏လေကြောင်းမှ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သည့် တပ်မှူး(၂)ဦးတွင် Kata’ib Hezbollah စစ်သွေးကြွအဖွဲ့ ၏ ဒရုန်း အစီအစဉ်အတွက် တာဝန်ရှိသော ထိပ်တန်း တပ်မှူး Abu Baqir al-Saadi လည်း ပါဝင်ကြောင်း သိရသည်။ အမေရိကန်တပ်ဖွဲ့များ၏ လက်တုံ့ပြန် တိုက်ခိုက်မှုများကို အီရတ်ထိပ်တန်းအရာရှိများက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ လုပ်ရပ်များသည် အီရတ်နိုင်ငံတွင်းရှိ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ၏ အနာဂတ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများစတင်ခြင်းကို နှောင့်ယှက် နေခြင်းဖြစ်ကြောင်းလည်း စွပ်စွဲပြောဆို ခဲ့သည်။
အီရတ်နိုင်ငံတွင်းမှ အမေရိကန်တပ်ဖွဲ့များကို ရုတ်သိမ်းစေလိုသော အီရတ်ဝန်ကြီးချုပ်နှင့် အရာရှိများ၏ ဆန္ဒများကို အီရတ်သံတမန်တစ်ဦးက ပယ်ချခဲ့ကြောင်းလည်းသိရသည်။ ၎င်းက “ပြီးခဲ့တဲ့လ တွေအတွင်းမှာ ISIS အကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှု အများအပြားကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒါကြောင့်မလို့ ISIS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မှုတွေက ဆက်လက်ရှိနေဦးမှာပါ။ အီရတ် နိုင်ငံတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွါသွား ပေးဖို့ တောင်းဆိုနေကြတာတွေအများစုဟာ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေနဲ့ စစ်သွေးကြွ အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေပဲဖြစ်ပါတယ်”ဟု ပြော ဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးဝန်ကြီးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုများကို လျစ်လျူရှုနေကြောင်း ဥရောပသမဂ္ဂအကြီးအကဲဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ