စစ်သင်္ဘောအပေါ်မှ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်းအီရန်စစ်တပ်ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၅
ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက အီရန်နိုင်ငံသည် ခေတ်မီလက်နက်များကို စမ်းသပ် လျက်ရှိနေရာ ဖေဖော်ဝါရီလ ၁၃ ရက်က တာဝေးပစ်ဒုံးကျည်တစ်စီးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။
အီရန်သည် စစ်သင်္ဘောအပေါ်မှ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်အသစ်တစ်စီးကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အီရန်၏ ဒုံးကျည်အစီအစဉ် ပိုမိုဖွံ့ဖြိုးလာနေကြောင်းသိရသည်။ အီရန်စစ်တပ်သည် Shahid Mahdavi အမည်ရှိ စစ်သင်္ဘော အပေါ်မှ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အကွာအဝေးမိုင်ပေါင်း ၁၀၅၀ ရှိပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ဆိုသည်။ အီရန်ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီ က “စစ်သင်္ဘောပေါ်ကနေ တာဝေးပစ်ဒုံးကျည်တစ်စီး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်။ အိုမန်ပင်လယ်ကွေ့ အတွင်းမှာ ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့တာပါ” ဟုပြောသည်။
ထို့ပြင် အစ္စရေးနိုင်ငံ တောင်ပိုင်း လေတပ်အခြေစိုက်စခန်းတစ်ခု ဖြစ်သော ပယ်မာချင်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်သော ပုံစံတူမျိုး ပစ်ခတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သည်။ ပယ်မာချင် လေတပ်အခြေစိုက်စခန်းသည် အမေရိကန်နိုင်ငံထုတ် အက်ဖ် ၃၅ အမျိုးအစား တိုက်လေယာဉ်များ အဓိကအခြေစိုက်ထားသော လေတပ်စခန်းဖြစ်နေကြောင်း သိရသည်။
အီရန်သည် အစ္စရေးနှင့်ဟားမက်စ်အဖွဲ့ ကြား အောက်တိုဘာလ ၇ ရက်တွင် စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းတည်းက အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်လာနေကြောင်း သိရသည်။ အီရန်သည် အစ္စရေးနိုင်ငံကို နိုင်ငံအဖြစ်အသိမှတ် ပြုထားခြင်းမျိုးမရှိဘဲ နှစ်ပေါင်းများစွာအငြင်းပွားမှု များ၊ တင်းမာမှုများ ရှိနေခဲ့ကြောင်း သိရသည်။ အီရန်သည် အရှေ့အလယ်ပိုင်းဒေသ အတွင်းရှိနိုင်ငံများထဲတွင် ဒုံးကျည်အင်အားအတောင့် တင်းဆုံးနိုင်ငံဖြစ်ပြီး အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ် များကို အနောက်အုပ်စုနိုင်ငံများကြား စိုးရိမ်မှုမြင့် တက်နေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နှင့်ဆီးရီးယားတို့ရှိ တပ်ဖွဲ့ဝင်များကို လက်ရှိအချိန်တွင် ပြန်လည်ရုတ်သိမ်းသွားမည် မဟုတ် ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ