သန်လျင်မြို့ရှိ အ.ထ.က တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက် ၍ ခရိုင်ပညာရေးမှူးက ဦးဆောင်ကာ စစ်ဆေးနေ
သုတကျော် (NSS) - ဖေဖော်ဝါရီ ၁၄
သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းမြို့ရှိ အခြေခံပညာ အထက် တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းထက်မှ နာမည်ကျော် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ စစ်ဆေးနေပြီး အရေးယူဆောင်ရွက်နေကြောင်း နစစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများထံ ပြန်လည် ဖြေကြားထားသည်။
အဆိုပါကျောင်းတွင် ပြည်ထောင်စုနေ့ပြခန်းအတွက်ကျောင်း သားများ၏ လက်ရာကို ပြင်ဆင်နေချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ ဓာတ်ပုံရိုက်ယူကာ “နင်တို့ ပွဲကို ငါစိတ်မဝင်စားဘူး” ဟု ပြောခဲ့ကြောင်း အဆိုပါ ကျောင်းမှ ဆရာမတစ်ဦးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်အကောင့်တွင် Video တင်ကာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ Video တင်ပြီးနောက် ရက်ပိုင်းအတွင်း Video ကိုအကောင့်မှ ပြန်လည် ဖြုတ်ချသွားခဲ့သော်လည်း အွန်လိုင်း အသုံးပြုသူ များအကြား ဝေဖန်မှုများရှိခဲ့ကာ အဆိုပါ ဖြစ်စဉ်သည် လူစိတ်ဝင်စားခြင်းခံခဲ့ရသည့် ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြန်လည်ဖြေကြားရာတွင် အဆိုပါဖြစ်စဉ်အပေါ် သန်လျင်ခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော စိစစ်ဆေးအဖွဲ့ဖြင့် စိစစ်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ဖြစ်စဉ်မှာမှန်ကန်နေခြင်းကြောင့် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ဌာနဆိုင်ရာစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အကြီးဆုံး တစ်ရက်တာ အင်ဒိုနီးရှားရွေးကောက်ပွဲကို စတင်ကျင်းပလျက်ရှိ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း