Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့အကြီးဆုံး တစ်ရက်တာ အင်ဒိုနီးရှားရွေးကောက်ပွဲကို စတင်ကျင်းပလျက်ရှိ

ALynn (NSS) - ဖေဖော်ဝါရီ ၁၄


အင်ဒိုနီးရှားနိုင်ငံ၌ သမ္မတသစ်ရွေးကောက်တင်မြှောက်နိုင်ရန် မဲဆန္ဒရှင် သန်း ၂၀၀ ကျော် ပါဝင်မဲပေးမည့် ရွေးကောက်ပွဲကြီးကို ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)တွင် ကျင်းပလျက်ရှိသည်။ ၎င်းသည် ကမ္ဘာ့အကြီးဆုံး တစ်ရက်တာရွေးကောက်ပွဲတစ်ခုလည်းဖြစ်ပါသည်။ 


၁၉၉၈ ခုနှစ်တွင် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီးနောက် အင်ဒိုနီးရှားသည် အထင်ကြီးလောက်စရာ စီးပွားရေး နှင့် ဒီမိုကရေစီစနစ်ထွန်းကားသောနိုင်ငံဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုထက် ကျယ်ပြန့်ပြီး ကျွန်းစုများ ပြန့်ကျဲနေသော နိုင်ငံ၏ ပထဝီအနေအထားအပြင် စံတော်ချိန် သုံးခုကြား တည်ရှိနေခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အကြီးအကျယ် အားထုတ်ကြိုးပမ်းခဲ့ရပါသည်။ 


ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ခန့်သည် အသက် ၄၀ အောက် လူငယ်လူရွယ်များဖြစ်သည့်အတွက် ရွေးကောက်ပွဲရလဒ်၏ အဆုံးအဖြတ်သည် အင်ဒိုနီးရှားလူငယ်များ အပေါ် များစွာမှီတည်နေကြောင်း သိရသည်။ အလုပ်အကိုင်အခွင့်အလမ်းများသည် မဲဆန္ဒရှင်များအတွက် ဦးစားပေးမျှော်မှန်းချက်ဖြစ်ပြီး တိုင်းပြည်၏ ကြွယ်ဝသောသဘာဝအရင်းအမြစ်များကို အခြေခံ၍ ကုန်သွယ်မှု အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် သမ္မတလောင်းကို ပြည်သူများက လိုလားလျက်ရှိသည်။ သို့သော် ရာသီဥတု ဖောက်ပြန်မှုနှင့် သစ်ခိုးထုတ်မှုပြဿနာများမှာမူ အင်ဒိုနီးရှား၏ ရေရှည်ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများဖြစ်နေ သည်။


ယခုနှစ်ရွေးကောက်ပွဲသည် ယခင်စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးဟောင်း နှစ်ဦးတို့အကြား သုံးပွင့်ဆိုင် ပြိုင်ဆိုင်မှုလည်းဖြစ်ပြီး အသက် ၇၂ နှစ်ရှိ စစ်ဗိုလ်ချုပ်ဟောင်း Prabowo Subianto သည် လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပြီး စစ်တမ်းများအရ သမ္မတဖြစ်ရန် တစ်ပြေးနေသည်။ Prabowo သည် အာဏာရှင် ဆူဟာတို၏ သားမက်ဖြစ်ခြင်းကြောင့် ကျွမ်းကျင်သူများက ဆိုးရွားသော အစဉ် အဆက်နိုင်ငံရေးစနစ်ဆီ တကျော့ပြန်သွားနိုင်ကြောင်း သတိပေးထားသော်လည်း ၎င်း၏ ကျော်ကြားမှုကိုမူ မတားဆီးနိုင်ခဲ့ပါ။ ၁၉၉၀ နှောင်းပိုင်းက  ၎င်းသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို ပြန်ပေးဆွဲကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသော်လည်း ၎င်းက အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ 

နောက်ထပ် အလားအလာရှိသော ကိုယ်စားလှယ်လောင်းသည် လက်ရှိအာဏာရပါတီမှ Ganjar Pranowo ဖြစ်သည်။ ၎င်းသည် အလယ်ဂျာဗားပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်ဂျာကာတာအုပ်ချုပ်ရေးမှူး Anies Baswedan သည် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး ၎င်းသည် အစ္စလာမ္မစ် နိုင်ငံရေးအုပ်စုများနှင့် အချိတ်အဆက်ရှိပါသည်။ Anies သည် သမ္မတအဖြစ် ရွေးကောက်ခံရပါက ၎င်း၏ ဒုသမ္မတအဖြစ် အကြီးဆုံးမွတ်ဆလင်နိုင်ငံရေးပါတီမှ Muhaimin Iskandar ကို ခန့်အပ်ရန်ရွေးချယ်ထားသည်။ 

လက်ရှိသမ္မတဂျိုကိုဝီဒိုဒိုသည် ၂၀၁၄ ခုနှစ်ကတည်းက အင်ဒိုနီးရှားနိုင်ငံရေးအပေါ် လွှမ်းမိုးထားနိုင်ခဲ့ပြီး ဖွဲ့စည်းပုံ ကြောင့်သာ ၎င်းအား သုံးကြိမ်ဆက်သမ္မတရာထူး ထမ်းဆောင်ခွင့်မရှိအောင် တားဆီးထားနိုင်သည်။ ၎င်းအနေဖြင့် နိုင်ငံရေးမှ အနားယူရမည်ဖြစ်သော်လည်း လက်ရှိ တစ်ပြေးနေသော သမ္မတလောင်း Prabowo ၏ ဒုသမ္မတ ဖြစ်လာမည့် ၃၆ နှစ်အရွယ် သားဖြစ်သူ Gibran Rakabuming Raka မှတစ်ဆင့် နိုင်ငံရေးတွင် ပါဝင် ပတ်သက်လာနိုင်ချေများ ရှိနေသည်။

သမ္မတနှင့် ဒုသမ္မတအဖြစ် ရွေးကောက်ခံရန် အသက် ၄၀ နှစ်နှင့် အထက်ရှိရမည်ဟု သတ်မှတ်ထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဦးဆောင်သူသည် ဂျိုကိုဝီဒိုဒို၏ ယောက်ဖဖြစ်သည့်အတွက် Gibran ကိုမူ ခြွင်းချက်အနေဖြင့် ခွင့်ပြုခဲ့ပါသည်။  

အင်ဒိုနီးရှားသည် လူငယ်ပေါများသောနိုင်ငံဖြစ်ပြီး မဲဆန္ဒရှင်၏ ၂၂ ရာခိုင်နှုန်းသည် Gen Z များ ဖြစ်သည်။ သို့သော် အသက် ၁၅ မှ ၂၄ ကြားရှိ လူငယ် ၅ ဦးအနက် ၁ ဦးမှာ အလုပ်လက်မဲ့ဖြစ် နေကြောင်း အစိုးရစစ်တမ်းများအရ သိရသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကောက်ခံခဲ့သော စစ်တမ်းများအရ လူငယ်မဲဆန္ဒရှင်များ၏ လိုလားချက် သုံးခုမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများရေး၊ ဆင်းရဲမွဲတေမှုနှင့် အကျင့်ပျက်ခြစားမှု ပပျောက်ရေးတို့ပင်ဖြစ်သည်။ Transparency International ၏ ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု ညွှန်းကိန်းများအရ အင်ဒိုနီးရှားသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၁၅ ၌ ရပ်တည်နေပြီး နိုင်ငံ၏ အကျင့်ပျက်ခြစား မှုအနေအထားမှာ မပြောင်းလဲဘဲ ပိုနေမြဲ ကျားနေမြဲ အခြေအနေမှာသာရှိကြောင်း တွေ့ရသည်။ 

CNN News, February 13, 2024, The world’s largest single day election is underway. Young voters will be decisive, https://edition.cnn.com/2024/02/13/asia/indonesia-general-election-explainer-intl-hnk/index.html ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန် ဆိုထားပါသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ဒဏ်ကြောင့် ပျက်စီးကြေမွလျက်ရှိတဲ့ မြန်မာနိုင်ငံသို့ ခိုးထုတ်မယ့်ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးရမိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved