အစ္စရေးကို F-35 အမျိုးအစားတိုက်လေယာဉ်နှင့်ပတ်သက်သော အပိုပစ္စည်းများ မရောင်းချရန် နယ်သာလန် တရားရုံးဆုံးဖြတ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ၁၄
နယ်သာလန်နိုင်ငံတရားရုံးသည် အစ္စရေးနိုင်ငံကိုအမေရိကန်နိုင်ငံထုတ် F-35 အမျိုးအစား တိုက် လေယာဉ်များအတွက် လိုအပ်သော ပစ္စည်းကိရိယာအစိတ်အပိုင်းများရောင်းချရန် တားမြစ်ပိတ်ပင်လိုက် ကြောင်းသိရသည်။
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့ရှိ အယူခံတရားရုံးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေးသည် ဂါဇာစစ်ပွဲ အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်ရာ တွင် အမေရိကန်နိုင်ငံထုတ် တိုက်လေယာဉ်များကိုအသုံးပြုခြင်းများရှိနေသည့် အန္တရာယ်များရှိနေ ကြောင်းပြောသည်။
နယ်သာလန်တရားသူကြီးဘိုလီက “စစ်ပွဲ အတွင်း လူ့အခွင့်ရေးချိုးဖောက်တဲ့ နိုင်ငံတွေကို စစ်ဘက်သုံးပစ္စည်းတွေ တင်ပို့တာတွေ တားမြစ်ပိတ် ပင်ရမယ်။ နယ်သာလန်အစိုးရဟာ အနာဂတ်မှာ အစ္စရေးကို F-35 တိုက်လေယာဉ်တွေရောင်းချပေး ဖို့ခွင့်ပြုဖွယ်ရှိပါတယ်။ ဒါပေမဲ့ အစ္စရေးဟာ အဲဒီ ရောင်းချတဲ့ ပစ္စည်းတွေကို ဂါဇာစစ်ပွဲအတွင်း အသုံး ပြု၊ မပြုဘူးဆိုတဲ့အချက်ကိုတော့ လိုက်နာရမယ်”ဟု ပြောသည်။ ဂါဇာဒေသရှိ ပြည်သူများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ကာကွယ်ပေးရမည် ဖြစ်ကြောင်း နယ်သာလန် တရားသူကြီးကပြောသည်။
နယ်သာလန် ကုန်သွယ်ရေးဝန်ကြီး လီဝမ်က အီရန်၊ ဆီးရီးယား၊ ယီမင်၊ လက်ဘနွန်နိုင်ငံတို့၏ ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန်အစ္စရေးကို F-35 တိုက်လေယာဉ်များနှင့်ဆက်စပ်ပစ္စည်းများ ရောင်း ချခွင့်ပေးသင့်ကြောင်း၊ အစ္စရေးကို F-35 တိုက် လေယာဉ်များရောင်းချပေးခြင်းက မမျှတဘူးလို့ ပြောလို့မရနိုင်ကြောင်းပြောသည်။ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲသည် ရက်ပေါင်း (၁၂၀)ကျော်လာခဲ့ပြီး အစ္စရေးက အပစ်အခတ်ရပ်စဲရန်တောင်းဆိုချက်များကို ငြင်းဆန် ပယ်ချထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သန်လျင်မြို့ရှိ အ.ထ.က တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက် ၍ ခရိုင်ပညာရေးမှူးက ဦးဆောင်ကာ စစ်ဆေးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ