Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA လက်မှတ်ရေးထိုးထားပြီး နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော မွန်ပြည်သစ်ပါတီ(NMSP) နှစ်ခြမ်းကွဲနေ

မြူနစ် (NSS) -  ဖေဖော်ဝါရီ ၁၄

NCA လက်မှတ်ရေးထိုးထားပြီး နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော မွန်ပြည်သစ်ပါတီ(NMSP)အကြား နှစ်ခြမ်းကွဲနေကြောင်း သိရသည်။


မွန်ပြည်သစ်ပါတီသည် NLD အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ် ပြီး လက်ရှိနစကအစိုးရနှင့်လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

သို့သော် မွန်ပြည်သစ်ပါတီ(NMSP)၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော ပါဝင်သော အဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တပ်မတော်အား တိုက်ခိုက် သွားမည်ဟု ထုတ်ပြန်ကြေညာလာသည်။

မွန်ပြည်သစ်ပါတီသည် နစကနှင့် (၃)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ ဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင် သော နိုင်ငံရေးဆွေးနွေးပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ် မရှိခဲ့ကြောင်းလည်း နိုင်ဇေယျာနှင့်အဖွဲ့က ထုတ်ပြန်ထားသည်။

နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAOs (၇)ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန် ဦးဆောင်သောအဖွဲ့ က တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ပြီးခဲ့သောကာလများ၌ နစကနှင့်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ဦးဆောင်ကာ တက်ရောက်ဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရှိရသည်။

အထက်ပါကဲ့သို့ မွန်ပြည်သစ်ပါတီအကြား နှစ်ခြမ်းကွဲနေသည့်အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းအတည်ပြုရန်အတွက် NSS အနေဖြင့် နိုင်အောင်မငေးထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ယခုကဲ့သို့ မွန်ပြည်သစ်ပါတီအကြား နှစ်ခြမ်းကွဲလာသည့်ဖြစ်စဉ်သည် မွန်ပြည်သစ်ပါတီ၏ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ကွယ်လွန်ခဲ့ပြီး တစ်လနီးပါးခန့်အကြာတွင် ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ် သည်။

ထို့ပြင် မွန်ပြည်သစ်ပါတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးသော် လည်း လက်ရှိတွင် တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်အဖြစ် ပါဝင် ခြင်းမရှိတော့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် “PPST မှာ ပါတယ်လို့လည်း ပြောလို့ရတယ်။ မပါဘူးလို့လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်းက သူတို့က PPST ရဲ့ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင် မဟုတ်ဘဲနဲ့ ပူးပေါင်းအဖွဲ့ဆိုပြီး တော့ တူတာကို တွဲလုပ်မယ်။ မတူတာကို ခွဲလုပ်မယ်ဆိုပြီးတော့ အဲဒီလိုမျိုး အပြောင်းအလဲဖြစ်သွားတာလည်း ကြာခဲ့ပြီလေ” ဟု PPST မှ ဗိုလ်မှူးကြီးစော ကျော်ညွန့်က NSS ကို ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်တပ်ဖွဲ့များ၏ အနာဂတ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို အမေရိကန်နှင့်အီရတ်တို့ ပြန်လည်စတင်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved