မန္တလေး အပါအဝင် မြို့နယ်အချို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံကြိုဆိုပွဲပြုလုပ်
Pearl (NSS) - ဖေဖော်ဝါရီ ၁၃
မန္တလေးမြို့၌ ယနေ့ ဖေဖော်ဝါရီလ (၁၃)ရက် နေ့လည်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆို ကြောင်း မြို့ခံအများအပြားက မန္တလေးတောင်ခြေမှ မျဉ်းမြိုင်ကွင်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့တစ်ရက်တည်းတွင် ပြင်ဦးလွင်မြို့၊ ကျောက်ဆည်မြို့တို့တွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံ ကြိုဆိုပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ထောက်ခံပွဲများ၌ "ပြည်သူ့စစ်မှုထမ်ဥပဒေကို အပြည့်အဝကြိုဆိုထောက်ခံပါတယ်” ၊ “နိုင်ငံတော်ကို ပြည်တွင်း ပြည်ပအန္တရာယ်များက ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့" ၊ "နိုင်ငံတော်ကိုကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းကြစို့" ၊ "စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လအထက် မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပါသည်" ၊ "နိုင်ငံတော်၏ လွတ်လပ်ရေး အချုပ်အခြာ အာဏာ နှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်" ၊ "ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင် ချိန်တွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာ နှင့် ခံစားခွင့်ရရှိစေရမည်" ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း နစကမှ အမိန့်ထုတ် ပြန် ထားသည်။
အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူငယ်များကြားတွင်လည်း အမြင်သဘောထားအမျိုးမျိုးကွဲပြားနေသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ BRICS ငွေပေးချေမှုစနစ်သစ်ကို နိုင်ငံပေါင်း ၁၅၉ ကျော်တို့က ပူးပေါင်းရန် မျက်စိကျနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ