Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှား၏ BRICS ငွေပေးချေမှုစနစ်သစ်ကို နိုင်ငံပေါင်း ၁၅၉ ကျော်တို့က ပူးပေါင်းရန် မျက်စိကျနေ

Htay Oung (NSS) - ဖေဖော်ဝါရီ ၁၄

SWIFT ငွေပေးချေမှုစနစ်အပြင် အမေရိကန်ဒေါ်လာနဲ့ ဆက်စပ်ခြင်းမပြုဘဲ အခြားရွေးချယ်စရာနည်းလမ်း တစ်ခု ကို တည်ဆောက်နေကြောင်း BRICS အဖွဲ့ဝင် ရုရှားနိုင်ငံက အတည်ပြုလိုက်ပါတယ်။ အဲဒီငွေပေးချေမှု ယန္တရား အသစ်ဟာ BRICS အဖွဲ့၀င်နိ်ုင်ငံများနဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှာ အမေရိကန်ဒေါ်လာကို ဘေးဖယ်ထားနိုင်ဖို့ အတွက် ပြည်တွင်းငွေကြေးများကို နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ ခရစ်ပ်တိုငွေကြေးနဲ့ အခြားဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာသတင်းများကို လွှင့်တင်နေတဲ့ ၀ပ်ချာ_ဂုရု ဒစ်ဂျစ်တယ်မီဒီယာက (10 February 2024) ရေးသားပါတယ်။

နိုင်ငံတကာ ဘဏ်ချင်းချင်း ငွေပေးငွေပြုလုပ်ကြရာမှာ “ဆွစ်” SWIFT လို့ ဘဏ္ဍာရေးဆိုင်ရာ တယ်လီကွန်း ဆက်သွယ်ရေးကွန်ရက်စနစ်ကို အသုံးပြုနေကြပါတယ်။ ဘယ်လ်ဂျီယန် အမျိုးသားဘဏ်အပါအ၀င် အနောက် အုပ်စု စက်မှုအင်အားကြီး ၁ဝ နိုင်ငံတို့ရဲ့ဗဟိုဘဏ်များက ကြီးကြပ်ပြီး ကမ္ဘာ့အကြီးဆုံး အသုံးအများဆုံး ငွေကြေးဆိုင်ရာ စာတိုပေးပို့မှုစနစ်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး စားသုံးသူစျေးကွက်နဲ့ လက်လီလက်ကား ကုန်ပစ္စည်းစျေးကွက်ကြီးကို လွှမ်းမိုးထားတဲ့အတွက် နိုင်ငံအတော်များများရဲ့ဘဏ်တို့ဟာ SWIFT နဲ့ မကင်းနိုင်ပဲ ရှိကြပါတယ်။ 


အမေရိကန်သြဇာလွှမ်းမိုးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံရေးအကြောင်းပြချက်နဲ့ မြန်မာနိုင်ငံအပါအ၀င် ဘီလာရုဇ်၊ လက်ဘနွန်၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ အီရန်၊ ရုရှားစသဖြင့် နိုင်ငံဘဏ်တို့ရဲ့ချိတ်ဆက်မှု ပိတ်ဆို့ထား ပေမယ့် အစ္စရေးအပေါ် အဆက်ဖြတ်အရေးယူရန် ပါလက်စတိုင်းရဲ့တောင်းဆိုချက်ကိုတော့ ပယ်ချထားပါတယ်။

ရုရှားနိုင်ငံ ကမကထပြုပြီး  အသစ်ထွက်ရှိလာတဲ့ စနစ်မှာ နိုင်ငံပေါင်း ၂၀ တို့က ဒေသတွင်းငွေကြေးဖြင့် ပေးချေ ပါ၀င်နေပြီဖြစ်ကြောင်းသတင်းကို ၀ပ်ခ်ျဂုရုက ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ BRICS နိုင်ငံများအဖွဲ့နိုင်ငံများရဲ့ အမေရိကန်ဒေါ်လာကို အရံငွေကြေးအဖြစ်မှ မှီခိုနေရခြင်းမှ လျော့ချတဲ့ De-dollarization အစီအစဉ်အရ တရုတ်နဲ့ ရုရှားတို့အကြား ကုန်သွယ်ရာမှာ အမေရိကန်ဒေါ်လာ မပါ၀င်သလောက်နီးနီးဖြစ်သွားပါတယ်။ အခြား နိ်ုင်ငံ ၂၀ တို့ကလည်း ဒေါ်လာကို စွန့်လွှတ်လိုက်ကြပြီး နောက်ထပ်နိုင်ငံပေါင်း ၁၅၉ နိုင်ငံကျော်တို့ကလည်း SWIFT အပြင် အဲ့ဒီစနစ်ကို ရွေးချယ်ဖို့ အသင့်ရှိကြောင်း သိရှိရပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စသဖြင့် ၅-နိ်ုင်ငံတို့ရဲ့ အင်္ဂလိပ်ဘာသာစာလုံးပေါင်း ရှေ့ ဆုံး အက္ခရာများ အတိုကောက် BRICS ဟာ နိုင်ငံအစိုးရများ ပါ၀င်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ၃၀% လူဦးရေရဲ့ ၄၅% ကို ပေါင်းစည်းထားတဲ့ အဲ့ဒီအဖွဲ့ကြီးဟာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့ ၃၃% ကို ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို မီးမောင်းထိုးပြဖို့ ရည်ရွယ် တယ်ဆိုပေမယ့် ပထဝီနိုင်ငံရေးဆိုင်ရာ အစုအဖွဲ့အသွင်ဖြစ်နေပါတယ်။ 


အထူးသဖြင့် ထွန်းသစ်စ ဖွံ့ဖြိးဆဲနိုင်ငံများ အတွင်း အရံငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံငွေ ရရှိရေးကဏ္ဍဟာ အနောက်အုပ်စု စက်မှုထိပ်သီးနိုင်ငံကြီးများရဲ့ ချုပ်ကိုင်မှုကို တွန်းလှန်ရင်း ပြိုင်ဘက်ဖြစ်လာနေပါတယ်။ BRICS ရဲ့ ငွေပေးချေမှုစနစ်သစ်ကြောင့် ဥရောပတိုင်းပြည်များရဲ့ ဗဟိုဘဏ်တို့မှာ အမေရိကန်ဒေါ်လာစျေး ကျဆင်းမှုကို ဖြစ်ပေါ်စေလျှက်ရှိတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

(အချိန်တိုအတွင်း BRICS ငွေကြေးစနစ် အမေရိကန်ဒေါ်လာကို အစားထိုးသွားတဲ့အထိတော့ ဖြစ်နိုင်ဖွယ်မရှိပါ။ အဖွဲ့၀င်နိုင်ငံများအကြား ကုန်သွယ်မှုဟာ ဘုံငွေကြေးကို ဆက်လက်ထိန်းကျောင်းနိုင်ဖို့အထိ ငယ်ရွယ်လွန်းနေ သေးတဲ့အတွက်ဖြစ်ပါတယ်။ 

BRICS နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်လို့ ပြင်သစ်နိုင်ငံက ပြောပေမယ့် စောလွန်းနေတယ်လို့ မှတ်ချက်ပေးခြင်းဟာ အဲဒီအချက်ကို မီးမောင်းထိုးပြနေပါတယ်။  ။သတင်းဘာသာပြန်သူ) 

#SWIFT #အနောက်အုပ်စုစက်မှုထိပ်သီး၇နိုင်ငံ #အမေရိကန်ဒေါ်လာကိုအရံငွေကြေးအဖြစ်မှလျော့ချခြင်း #BRICS #ရုရှား

(Watcher Guru., 10 February 2024,” BRICS: 159 Countries Eyeing Russia’s New Payment System” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved