မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ထိုင်းနှင့် အမေရိကန်အစိုးရတို့ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က တိုက်တွန်းတောင်းဆိုလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara သည် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီးနောက် မြန်မာအရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ဖမ်းဆီးခံရသူများ ပြန်လွှတ်မြောက်ရေး၊ ကမ္ဘာအရေးတို့အပြင် အာဆီယံနှင့် မြန်မာအရေးတို့ကို လည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံကို အရပ်သားအစိုးရအုပ်ချုပ်သော ဒီမိုကရက်တစ် အုပ်ချုပ်ရေးလမ်းကြောင်းအပေါ်ကို ပြန်လည်လျှောက်လှမ်းရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများ တိုးချဲ့ကူညီပေးနိုင်ရန်အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးပြီး အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများ အဆုံးသတ်ရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန် စီစဉ်နေပြီးအာဆီယံအဖွဲ့ကလည်း သဘောတူညီလက်ခံထား ကြောင်းသိရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနေရပ်စွန့်ခွာသူများကို တစ်လအတွင်း လူသားချင်း ဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး အပါအဝင် မြို့နယ်အချို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံကြိုဆိုပွဲပြုလုပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ