သာမန်အခြေအနေမဟုတ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ပြတ်လပ်မှုဖြစ်လာခဲ့ရင် ဘာတွေပြင်ဆင်ထားလဲ . . .
အေဝိုင်အီး ၊ ယွန်း (NSS) - ဖေဖော်ဝါရီ ၁၃
မေး - ပြည်တွင်းမှာ ၂၀၂၄ အတွက် ဆန်ဖူလုံမှုရှိရဲ့ လား။
ဖြေ - အဓိက ကျွန်တော်တို့မြင်တာကတော့ ပြည်တွင်းမှာ စားသုံးတဲ့ဆန်တွေကတော့ ပေါ်ဆန်းအုပ်စု ဆန်တွေ အစားများတယ်။ Export ပို့တဲ့ဆန်တွေ ကတော့ များသောအားဖြင့် ဧည့်မထအုပ်စုများတယ်။ အဲဒီတော့ ပြည်တွင်းစားတဲ့ဆန်တွေနဲ့ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပြည်တွင်းမှာစပါးအထွက်နဲ့က ကျွန်တော်တို့ မြင်တာတော့ ယခင်နှစ်တွေနဲ့ သိပ်ပြီးတော့ကွာခြားမှု မရှိဘူး။ နေရာဒေသတချို့မှာ စပါးရိတ်တဲ့အချိန်မှာ မိုးရွာသွန်းတဲ့အတွက် အနည်းငယ် အထွက်နှုန်းလျော့တာ လေးတွေရှိတယ်။ အနည်းငယ်ပျက်စီးတာလေးတွေရှိ တယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အခက်အခဲဖြစ်တာ လေးတွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေကလွဲလို့ ပြန်ကြည့်မယ် ဆိုရင် တစ်နိုင်ငံလုံးရဲ့စပါးအထွက်နဲ့က (၂၀၁၉)(၂၀၂၀)(၂၀၂၁)(၂၀၂၂) ဒီဝန်းကျင်မှာ ပြောင်းလဲတဲ့အနေအထား သိပ်မရှိဘူးပေါ့နော်။ အရမ်းကြီးလည်းလျော့မသွားသလို အရမ်းကြီးလည်းတိုးမလာဘူး။ ဒီသဘောကိုကျွန်တော်တို့ တွေ့ရပါတယ်။ နောက်ဒီအခြေအနေမှာ တစ်ခုကောင်းတာ ကတော့ (၂၀၂၂) မိုးစပါး၊ နွေစပါး (၂၀၂၃) မိုးစပါး၊ နွေစပါး ကို ကြည့်မယ်ဆိုရင် စပါးဈေးကတောက် လျှောက်တက် တယ်။ စပါးဈေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စပြီးတော့ တာဝန်ယူတဲ့အချိန် (၆)သိန်းဝန်းကျင်ကနေပြီး တော့ ဒီနေ့ဆိုရင် ဧည့်မထစပါးဈေးက သိန်း(၂၀)ကျော်မှာ ရှိ တယ်။ ပေါ်ဆန်းစပါးဈေးက သိန်း(၃၀)ကျော်မှာရှိတယ်။ ရွှေဘိုပေါ်ဆန်းဈေးက တင်း(၁၀ဝ)ကို သိန်း(၃၀) သိန်း(၄၀)ဖြစ်သွားတယ်။ အဲဒီတော့ စပါးဈေးကလည်း မြင့်တက်တာဖြစ်တဲ့အတွက် စိုက်လို့ရတဲ့နေရာမှာ တောင်သူတွေကရအောင်စိုက်တယ်။ ရအောင်လုပ်ယူတဲ့ သဘောတော့တွေ့ရတယ်။ နွေစပါးဆိုလည်း ရေရတာ နဲ့ကို စိုက်မယ့် အနေအထားမျိုးရှိတယ်။ ကျွန်တော်တို့ အကြမ်းဖျင်းမြင်တာတော့ စိုက်ပျိုးထုတ်လုပ်မှု စအေအနမည တွေမှာတော့ သိပ်ပြီးတော့ ကြီးကြီးမားမားပြောင်းလဲမှု မရှိဘူး။ ဒါပေမဲ့ ဝယ်ယူမှုပုံစံတွေမှာ ပြောင်းလဲတာတွေ့ရ တယ်။ ဝယ်ယူမှုပုံစံတွေမှာ ကိုဗစ်ကာလမှာ ပြည်သူတွေက စိုးရိမ်တကြီးနဲ့ ဆေးဝါးတွေ၊ ဗြှု တွေ၊ အရက်ပြန်တွေ၊ လက်သန့်ဆေးတွေ ဝယ်ကြတယ်။ ဆန်တို့ဘာတို့လည်း ဝယ်ကြတယ်။ ဆန်ကတော့ ကျွန်တော်တို့မြင်တာ နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်တဲ့ဟာတွေရှိတော့ ပြည်သူလူထုရဲ့ သာမာန်မိသားစုတွေက စိုးရိမ်ပူပန်မှု တွေရှိတော့ ဝယ်ယူမှုတွေများတယ်။ ကုန်စည်ဒိုင်မှာ ဝယ်ယူမှုတွေများတယ်။ လက်လီဆိုင်မှာဝယ်ယူမှုတွေ များတယ်။ ပုံမှန်တစ်လကို တစ်အိတ်ဝယ်တဲ့မိသားစုက တစ်လကို နှစ်အိတ်သုံးအိတ်ပိုဝယ်ထားတာမျိုးတွေ တောက်လျှောက်တွေ့နေရတယ်။ ပြည်တွင်းဝယ်ယူမှု များတယ်။ လှောင်လက်တွေကလည်းများတယ်။ လှောင်လက်တွေကလည်း တချို့ကျတော့ ဘဏ်ကနေ ငွေတွေထုတ်ထားတယ် ဘာမှလုပ်ကိုင်စားသောက်ဖို့ မရှိတော့ စပါးတို့၊ ပဲတို့ ဝယ်လှောင်ထားတာတွေများတယ်။ လှောင်ပြီဆိုကတည်းက သူက ဈေးကောင်းရအောင် စောင့်ပြီး ရောင်းတော့မှာဆိုတော့ လှောင်လက်တွေကြောင့်လည်း ဈေးကကြီးတာ ကျွန်တော်တို့တွေ့ရတယ်။ နောက်တစ် ချက်ကတော့ စပါးထွက်ရှိမှုအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုမရှိပေမယ့် ဆန်အထွက်နှုန်းကတော့ နှေးတယ်။ လျှပ်စစ်မီးနဲ့ဆက်စပ်နေတာဖြစ်တဲ့အတွက် ဈေးကွက်ထဲကို ဆန်ရောက်တဲ့အခါမှာ နှေးတာကို တွေ့ရတယ်။ ဒါကတော့ ခြုံငုံပြီးတော့ပြောခြင်းဖြစ်ပါတယ်။ ပြည်ပတင်ပို့တဲ့ အနေအထားအရပြောမယ်ဆိုရင် တင်ပို့ တာက မနှစ်ကတင်ပို့တာထက် တန်ချိန်(၆)သိန်းလောက် ကွာနေတယ်။ ပြီးခဲ့တဲ့နှစ်ကဆို တန်ချိန်(၂)သန်းကျော် တင်ပို့တယ်။ အခု မတ်လ(၃၁)ရက်နေ့ကုန်မယ့် (၂၀၂၃- ၂၄)ဘဏ္ဍာနှစ်မှာဆို ကျွန်တော်တို့ တန်ချိန်(၁)သန်း ကျော်ပဲ တင်ပို့နိုင်သေးတယ်။ မနှစ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်(၅)သိန်း၊ (၆)သိန်းလောက် လျော့ကျမယ့် အနေအထားရှိပါတယ်။ ဒါကလည်း ပြည်တွင်းဈေးနှုန်း မြင့်မားတာရယ်၊ နိုင်ငံတကာဈေးနှုန်းမြင့်မားတာရယ် နောက်ပြီး တစ်ဖက်ကလည်း ပြည်တွင်းဈေးနှုန်းမြင့်မား တဲ့အတွက် ပို့ကုန်ကိုထိန်းညှိပြီးတော့ ဆောင်ရွက်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ ပြည်တွင်းမှာ ဆန်လက် ကျန်၊ စပါးလက်ကျန် ဖူဖူလုံလုံရှိပါတယ်။ အဓိကကတော့ ကျွန်တော်ပြောတဲ့အချက်တွေကြောင့်ပေါ့။ သိုလှောင်ရုံ အနေအထားတွေ၊ လှောင်လက်တွေ၊ ပြည်သူတွေရဲ့ ဝယ်ယူမှုများတာတွေ မတည်မငြိမ်ဖြစ်မှုအပေါ်မှာ တချို့ တွေကပစ္စည်းတွေကိုင်ထားတာတွေ ဒါကြောင့် အဓိကဈေးကြီးတဲ့အနေအထားဖြစ်တယ်။ တကယ့် စပါးလက်ကျန်ဆိုရင် အခုမိုးစပါးတင်မဟုတ်ဘူး ပြီးခဲ့တဲ့ နှစ်က မိုးစပါးလက်ကျန်တောင် တချို့ဆန်စက်မှာ ရှိသေးတယ်။ ကျွန်တော်တို့ဆီက ပြည်သူတွေက ဆန်အဟောင်းနဲ့ အသစ်နဲ့ ပေါ်ဆန်းချင်းတူရင်တောင် ဆန်အဟောင်းဆိုရင် (၁၅၀ဝဝဝ)လောက်ရှိမယ် ဆန်အသစ်ဆို(၁၁၀ဝဝဝ)လောက်ရှိမယ်။ ပြီးခဲ့တဲ့နှစ်က ဆန်အဟောင်းတွေ တချို့ဆန်စက်တွေမှာရှိသေးတယ်။ ကျွန်တော်တို့ခေါ်တာတော့ စပါးဟောင်း ကြိတ်သစ်ပေါ့ အခုမှကြိတ်ထားတဲ့ဟာ။ ဆန်ဖူလုံမှုကတော့ ဖူလုံတယ်၊ ပိုလျှံတယ်၊ လုံလုံလောက်လောက်ရှိတယ်။ ဒါပေမဲ့ ခုနပြောသလို ဈေးကွက်ထဲမှာ အဆင်ပြေအောင်တော့ ထိန်းညှိဆောင်ရွက်ရတဲ့ အနေအထားရှိတယ်။
မေး - တတိယသုံးလပတ်အတွင်းမှာ တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာတွေက ပိုကျယ်ပြန့်လာတယ်။ ၂၀၂၄ အထိပါ ကူးစက်လာတာတွေ့ရတယ်။ တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာ ပိုပြီးကျယ်ပြန့်လာလေလေ စိုက်ပျိုးရတဲ့ ဧရိယာကျဉ်းလာလေလို့ ကျွန်တော်ကတော့ နားလည် တယ်။ တွက်ချက်ထားတာရော ရှိလား။
ဖြေ - နိုဝင်ဘာနောက်ပိုင်း ရှမ်းမြောက်ဘက်က အနေအထားကတော့ ကျွန်တော်တို့ သေချာလေ့လာ သုံးသပ်နိုင်တဲ့ အနေအထား မရှိသေးဘူး။ စစ်ကိုင်းတိုင်းရဲ့ အနေအထားကို ကြည့်တဲ့အခါမှာ အဖွဲ့အစည်းတွေ အားလုံးက စပါးစိုက်တဲ့တောင်သူတွေကို ငဲ့ညှာမှုကိုသွား တွေ့ရတယ်။ ဒါကတော့ အဖွဲ့အစည်းတွေ အားလုံးပေါ့နော် ဒီဘက်က မြန်မာ့တပ်မတော်အပါအဝင် ကျန်တဲ့ အဖွဲ့အစည်းတွေ အားလုံးကလည်း တတ်နိုင်သမျှ စပါးစိုက်တဲ့ လုပ်ငန်းတွေမထိခိုက်အောင် ကူညီဖေးမ ပေးတာမျိုး အခက်အခဲတွေထဲကနေ ကြမ်းတမ်းမှုတွေ ကြားထဲကနေ နူးညံ့တဲ့အနေအထားလေးတစ်ခုတော့ မြင်ရတယ်ပေါ့နော်။ စပါးသယ်ချင်ရင် သယ်လို့ရတယ်။ ဒါပေမဲ့ တချို့နေရာမှာတော့ မီးလောင်သွားတဲ့နေရာတွေမှာ ပါသွားတာတော့ရှိတယ် သိပ်အများကြီးတော့မဟုတ်ဘူး။ ရွှေဘိုပေါ်ဆန်းဆိုလည်း ကောင်းကောင်းစိုက်လို့ရတယ်။ ကျန်တဲ့နေရာမှာ စိုက်တဲ့ပျိုးတဲ့ဟာတွေလည်း စိုက်လို့ရ တယ်။ ဒေသဖူလုံမှုရှိတယ်။ ဒါပေမဲ့ ကုန်သွယ်မှုမှာတော့ အခက်အခဲရှိတယ်။ ကုန်သွယ်ရောင်းဝယ်တဲ့ နေရာမှာ တော့ အခက်အခဲရှိတယ်။ ဒါကြောင့် အခုလက်ရှိ ရှမ်းပြည်မြောက်ပိုင်းကိုတော့ ကျွန်တော်တို့ သေချာ မလေ့လာရသေးဘူးပေါ့။ ဒီနေရာတွေကတော့ များသောအားဖြင့် ရှမ်းဆန်တွေလည်းစိုက်တာရှိပါတယ်။ များသောအားဖြင့် ရှမ်းဆန်စားတာများတယ်။ ကျွန်တော်တို့ အခုစိုးရိမ်တာကတော့ ရခိုင်ပေါ့။ ရခိုင်က လည်း ဆန်စားများတယ်။ ရခိုင်က မိုးစပါးတစ်ခုတည်းကို အဓိက စိုက်တယ်။ နွေစပါးက မစိုက်သလောက်ကိုရှိတာ။ အဲဒီတော့ အခုရိတ်သိမ်းထားတဲ့ မိုးစပါးတွေဆန်တွေကို လာမယ့်နှစ်အထိ သိုလှောင်ရမှာတွေရှိသေးတော့ ရခိုင်ပြည်နယ်အတွက်တော့ အနည်းငယ်ပူပန်ရတာတွေ ရှိသေးတယ်။ ဈေးနှုန်းတည်ငြိမ်ရေးရော ရှိတဲ့ပစ္စည်း တွေမပျက်စီးဖို့၊ မဖျက်ဆီးဖို့ အဲဒါတွေကိုတော့ စိုးရိမ်ပူပန် တယ်။ ကျန်တဲ့နေရာတွေမှာတော့ အဲဒီလောက်တော့ မရှိဘူးထင်တယ်။
မေး - မြန်မာနိုင်ငံရဲ့ မြေပုံအစိတ်အပိုင်းကို ပြန်ပြီးခွဲ ကြည့်ရင် စိုက်ဧကက (၁၅)သန်းရှိ တယ်ဆိုပါတော့။ အဲဒီရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဧရာဝတီ၊ ဘယ်လောက် ရာခိုင်နှုန်းက ရခိုင်၊ ဘယ်လောက်က စစ်ကိုင်းဆိုပြီး ခွဲခြမ်းစိတ်ဖြာထားတာလေး ရှင်းပြပေးလို့ရမလား။
ဖြေ - ဧရာဝတီတိုင်းဆို မိုးစပါး၊ နွေစပါး ဧက(၅)သန်းကျော်လောက် စိုက်တယ်။ ရန်ကုန်တိုင်းဆို စိုက်ဧက တစ်သန်းကျော်စိုက်တယ်။ ပဲခူးတိုင်းဆို(၂)သန်းကျော် ရှိတယ်။ စစ်ကိုင်းတိုင်းဆိုလည်း (၁)သန်းခွဲ၊(၂) သန်း လောက်ရှိတယ်။ ရခိုင်ပြည်နယ်ဆို (၁)သန်းလောက် ရှိတယ်။ မန္တလေးတိုင်းတို့ဘာတို့ဆို ဧက(၅)သိန်း လောက် စိုက်တယ်။ အကြမ်းဖျင်းပြန်ပြောမယ်ဆိုရင် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ ရခိုင်၊ စစ်ကိုင်းကတော့ အဓိကကျ တဲ့ ဆန်စပါးစိုက်ပျိုးတဲ့နေရာပေါ့ အထွက်လည်းကောင်း တဲ့နေရာတွေပေါ့။ တစ်ခုပဲရှိတယ်။ နွေစပါးစိုက်ပျိုးတဲ့ အနေအထားပေါ့ ထိုင်းတို့ဘာတို့နဲ့မတူတာက ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန် ချိန်(၇)သန်း၊ (၈)သန်း Export လုပ်တယ်။ သူကဆက်တိုက်စိုက်နေတာ။ တစ်နှစ်ကို သုံးသီးလောက်ကိုစိုက်တယ်။ တချို့နေရာမှာဆို (၂)နှစ်ကို (၇)သီးစိုက်တယ်။ ဆက်တိုက်ကို ထွက်နေတာ တွေ့ရတယ်။ ကျွန်တော်တို့ဆီက ဆည်မြောင်းစနစ်တွေ မြစ်ရေစနစ်နဲ့လုပ်တာတွေ ရေရှိရေးဆောင်ရွက်တဲ့ နေရာတွေမှာ အားနည်းချက်တွေရှိတယ်။ အခုဆိုရင် နွေစပါးစိုက်ပျိုးချင်တဲ့ တောင်သူတွေ တော်တော် များတယ်။ ်။ ဒါပေမဲ့ တစ်လုံးထိုးအင်ဂျင်ငှားရဖို့တွေ ပြီးတော့ အဲဒီ အင်ဂျင်မှာသုံးတဲ့ ဒီဇယ်ဝယ်ဖို့တွေရှိတယ် အောက် ခြေ မှာ။ အောက်ခြေပြဿနာတွေက တစ်ယောက်တစ် ယောက် စုလိုက်တဲ့အခါမှာ ကျယ်ပြန့်သွားတယ်။ ဒါကြောင့်မို့ ရေရရှိရေးက အဓိကဖြစ်တယ်။ ရေရတယ် ဆိုတဲ့ နေရာ မှာ မိုးတွင်းကတော့ သိပ်ပြဿနာမဟုတ် ပေမယ့် မိုးတွင်းပြင်ပ စပါးစိုက်ပျိုးမှုလုပ်နိုင်ဖို့အတွက် ကျေးလက်ဒေသမှာ ဒီဇယ်အင်ဂျင်တွေ၊ ဒီဇယ်ရရှိရေးတွေ ဒါတွေကတော်တော်အရေးကြီးတာ တွေ့ရတယ်။ ကျွန်တော်တို့က မိုးစပါးသာ (၁၅)သန်း လောက်စိုက်တာ နွေစပါးကို (၂)သန်းလောက်ပဲစိုက်တယ်။ ဒီထက် ပိုပြီးစိုက်နိုင်လေပိုပြီးတော့ ထုတ်လုပ်မှုမြင့်မားလေ ရောင်းချနိုင်မယ့် အနေအထားများလေ ဖြစ်ပါတယ်။ ဗီယက်နမ်ဆို သုံးသီးစိုက်တယ်လေ။ ထိုင်းဆိုသုံးသီးထက် ပိုတောင်စိုက်သေးတယ်။ စိုက်ဧကတွေမှာတော့ လုံလုံလောက်လောက်ဆက်ပြီး စိုက်တယ်။ အဓိက နေရာတွေကို မထိခိုက်ပါဘူး။
မေး - ခုနရှေ့ကပြောသွားတဲ့အထဲမှာ တစ်ခုစိတ်ဝင် စားတာရှိပါတယ်။ ဘာလဲဆိုတော့ ဆန်ဈေးနှုန်းက စပါးလည်းအဆင်သင့်ရှိတယ်။ ဆန်တွေလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ ဆန်ဈေးနှုန်းတွေက တစ်ရှိန်ထိုး တက်ပြီးရင်း တက်လာနေတယ်။ အဲဒီရဲ့ အဓိက ပြဿနာ ရင်းမြစ်ကိုရောတွေ့လား။
ဖြေ - နှစ်ခုရှိတာပေါ့။ တစ်ခုကတော့ နိုင်ငံတကာ ဈေးနှုန်းတွေကလည်း တက်တာကိုး။ နိုင်ငံတကာဈေးနှုန်း ကတက်တာမှ ထိုင်းနိုင်ငံမှာဆို (၁၅)နှစ် တာကာလမှ အမြင့်မားဆုံးအခြေအနေရှိတယ်။ ထိုင်း နိုင်ငံမှာလည်း တက်တယ်။ အဲဒီလိုပဲ ဗီယက်နမ်တို့ ဘာတို့မှာလည်း ဆန်ဈေးတက်တယ်။ ဗီယက်နမ်ဆိုရင် ကျွန်တော်တို့ဆီက ဆန်ကွဲတောင် ပြန်ဝယ်နေရတဲ့ အနေအထားတွေရှိတယ်။ အိန္ဒိယဆိုလည်း ဆန်ဖြူနဲ့ ဆန်ကွဲကို လုံးဝ နထစသမအ ပိတ် ထားတယ်။ အဲဒီတော့ နိုင်ငံတကာ ဈေးကွက်မှာကို ဆန် ဈေးကွက်က (၁၅)နှစ်တာကာလလောက်မှာ အမြင့်မား ဆုံးအနေအထားလောက်ကို ပြန်ဖြစ်လာတယ်။ နိုင်ငံတ ကာ ဈေးကွက် အခြေအနေပေါ့။ နောက်တစ်ချက်က ပြည်တွင်းမှာကျတော့ လျှပ်စစ်မီးကိစ္စတို့ လှောင်လက် တွေများလာတာတို့ ဒီနေရာမှာ ရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လှောင်တဲ့သူလည်းရှိသလို ဈေးကစားချင်တဲ့ရည်ရွယ် ချက်နဲ့ လှောင်တဲ့သူတွေလည်း ရှိတယ်။ ဒီအပေါ်မှာ ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေက လည်း ခက်ပါတယ်။ ထိန်းကျောင်းဖို့လိုတယ် ဆိုပေမယ့်လည်း ဒါတွေကို ထိန်း ကျောင်းဖို့ တော်တော်ခက်တာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံတော်ကိုလည်း တင်ပြပြီးတော့ ပို့ကုန်တင်ပို့မှုကိုလည်း တော်တော်ကို စိစစ်လျှော့ချပြီး တော့ တင်ပို့တဲ့အနေအထားကို ဆောင် ရွက်တာပေါ့နော်။ တစ်ဖက်ကလည်း လှောင်လက်တွေကို သိုလှောင်ရုံမှတ်ပုံ တင်တို့ဘာတို့ကို အွန်လိုင်းစနစ်နဲ့ လုပ်တာကို လုပ်နေပါ တယ်။ အခုဆိုရင် သိုလှောင်ရုံ (၂၀ဝ)ကျော်လောက် ရောက်လာပြီ။ ဈေးကွက်ထဲမှာ လက်တွေ့မှာ ရှိတဲ့ဟာနဲ့ နှိုင်းယှဉ်ရင် အရမ်းနည်းနေသေးတယ်။ ထပ်ပြီး တော့ ကျယ်ကျယ်ပြန့်ပြန့် ဒီစနစ်ထဲကို ဝင်လာအောင် ထိန်း ကျောင်းဖို့ အချိန်တစ်ခုတော့ယူရမယ်။ နောက်အရေးကြီး ဆုံးကတော့ စပါးသည် (၄)လမှာတစ်ခါစိုက်လို့ရတဲ့ဟာမျိုး ဖြစ်တယ်။ ကျွန်တော်တို့မှာ မြေလည်းရှိတယ်။ ရေလည်း ရှိတယ်။ ရှိတဲ့ရေကိုလယ်ကွင်းထဲရောက်အောင်လို့ ပို့ရ မယ့်အနေအထားတော့ လိုအပ်ချက်ရှိတယ်။ ခက်သလား ဆိုတော့ ခက်တယ်လည်းပြောလို့ရတယ်။ မခက်ဘူးလည်း ပြောလို့ရတယ်။ ဒီပေါ်မှာသက်ဆိုင်ရာအစိုးရထံကနေ ပေါင်းစပ်အကူအညီရယ် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရယ် ပူးပေါင်းပါဝင်မှုရယ်၊ တောင်သူလယ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုရယ် သုံးပွင့်ဆိုင်သေချာညှိနှိုင်းပြီးတော့ စိုက်ပျိုးရေရရှိရေးရယ် စိုက်ပျိုးရေးတိုးတက်ဖို့ကိုတော့ လုပ်ရမယ့် အနေအထားတွေသွားတွေ့ရတယ်။ ဒီအချိန်က ဈေးကောင်းရတာဖြစ်တဲ့အတွက် အခွင့်အရေးကောင်း လည်း ဖြစ်တယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ တွန်းပြီး တော့ လုပ်ရမယ့်သဘောတော့မြင်တယ်။ အဓိက က ဈေးတက်လာတဲ့ အနေအထားကတော့ demand များလာတာပေါ့။ ဈေးကတော့ နေရာတိုင်းမှာတက်တာ တွေ့ရတယ်။ ဆန်စက်တွေကလည်း ဈေးတက်တယ်။ တစ်ခါတစ်လေကျတော့လည်း Demandကိုက များနေ တာ။ ဆိုင်တွေရဲ့အဝယ်က များလာတယ်။ ပြည်သူလူထုရဲ့ အဝယ်ကများလာတယ်။ Export ကနေပြီးတော့ ဆွဲတာ မျိုးတွေရှိတယ်။ လှောင်လက်တွေက ဆွဲတာမျိုးတွေရှိ တယ်။ ဒီလိုမျိုး demand ရှိလာတာနဲ့အမျှ တစ်ဖက်ကအဲဒီ demand ကိုအချိန်မီ ပံ့ပိုးပေးနိုင်တဲ့ အနေအထားမဖြစ် ခဲ့ရင် ဈေးကတက်လာတယ်။ လျှပ်စစ်မီးလျော့နည်းရရှိမှု ကြောင့် မီးစက်နဲ့လည်ရတယ်၊ ဆန်တစ်အိတ်ကို (၅၀ဝဝ) အပိုငွေကုန်ကျစရိတ်ရှိမယ်၊ (၆၀ဝဝ)အပိုကုန်ကျစရိတ် ရှိမယ်ဆိုရင် စသဖြင့်ပေါ့နော်။ အခြေခံပြည်သူလူထုအ တွက်က ပြန်ကြည့်ရင် မနှစ်ကဒီလိုအချိန်မှာ အကြမ်းဆန် တစ်အိတ်ကို(၄၀ဝဝဝ)ရှိတယ်။ အခု ၂၀၂၄ ဇန်နဝါရီမှာ (၈၀ဝဝဝ)လောက်ရှိသွားတယ်။ ၁၀ဝ ရာခိုင်နှုန်းလောက် နှစ်ဆလောက်တက်သွားတာကို တွေ့ရတယ်။ ဒါကို ကျွန် တော်တို့ တတ်နိုင်သမျှ ဝိုင်းပြီးတော့ ထိန်းညှိရမှာရှိတယ်။ ဖေဖော်ဝါရီလဆိုရင် ပေါင်းဆန်နဲ့ ဆန်ကွဲလောက်ပဲ Export လုပ်ပြီးတော့ ကျန်တဲ့ဆန်တွေကို Export မလုပ် ဘဲနဲ့ထားဖို့ကို တိုင်ပင်ညှိနှိုင်းပြီးတော့ စီစဉ်နေတယ်။ အဓိ ကက Export ကို လျှော့ချရမယ့် အနေအထားမှာရှိတယ်။ ဆန်စပါးက ကျန်တဲ့ ပဲတို့ ဘာတို့နဲ့ မတူဘူးပေါ့။ ကျန်တဲ့ ပဲတို့ ဟင်းသီးဟင်းရွက်တို့ သစ်သီးဝလံတွေက ပြည်တွင်း မှာပဲ စားနေတာတွေဖြစ်တယ်။ တကယ်တမ်းပြောရရင် Export ပို့တဲ့ဆန် ပြည်တွင်းမှာစားလားဆိုတော့ ၇၀ ရာ ခိုင်နှုန်းလောက်က မစားပြန်ဘူး။ နောက်ဆုံး ဆန်တစ် အိတ်က ဒီဆန်က (၈၀ဝဝဝ)၊ (၉၀ဝဝဝ)ရှိတယ်၊ ဒီဆန်က (၆၀ဝဝဝ) ရှိတယ်ဆိုရင် ဈေးကြောင့်ရွေးရင်လည်း ရွေးနိုင်တယ်ပေါ့နော်။ ဆန်ပဲဆိုပြီး နည်းနည်းစဉ်းစားနေတဲ့ အနေအထားတော့ရှိတယ်။ ကျွန်တော်တို့က အလွယ်ဆုံး နည်းလမ်းကတော့ နံပါတ် (၁) ကတော့ Export လျှော့တဲ့ နည်းလမ်းပေါ့။ ဈေးကွက်ထဲကို အရန်ဆန်ထည့်တဲ့ နည်း လမ်း။ အခုဟာက ကျွန်တော်တို့ လှောင်တဲ့လူတွေကို ဖော် ထုတ်ပြီးတော့ လှောင်ထားတဲ့ပစ္စည်းကို ထုတ်ရောင်းဖို့ တွန်းအားပေးတဲ့ နည်းလမ်းပေါ့။ ဒီနည်းလမ်းတွေကို ကျွန်တော်တို့ စပြီးတော့လုပ်နေပါတယ်။
မေး - ဟုတ်ကဲ့ အဲဒါဆို ကျွန်တော် တစ်ခု စိတ်ပူလို့ မေးတာပေါ့နော်။ ဒါက ကျွန်တော်တို့ နောက်ဆုံး အဆိုးဆုံး အချိန် ဖြစ်လာခဲ့ရင်ပေါ့။ စစ်မက်တွေက ကူးကူးလာရင် နောက်ဆုံး ဧရာဝတီပါ ကူးသွားမယ်။ ရခိုင်ကလည်း ဖြစ် နေပြီ။ နောက် စစ်မက်ကူးသွားလို့ စိုက်ရမယ့်အစား လူ တွေက ပြေးနေရရင် အဲဒီအချိန်ကျရင် မြို့ ပြက မရှိ တော့ဘူး။ အကုန်လုံးက ဒီကိုပဲ လာစုကြမှာ၊ အဲဒီကျရင် စားနပ်ရိက္ခာဖူလုံမှုဆိုတဲ့ ပြဿနာ ရင်ဆိုင်ရနိုင်ဖို့ရှိတယ်။ အဲဒီကျရင် ဒါက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ၊ မြန်မာ နိုင်ငံမှာရှိတဲ့ အရန်ဆန်ဟာ တကယ်တမ်း လုံးဝ ဒီတစ် နှစ်လုံး မထုတ်ဘဲနေမယ်ဆိုရင် နောက် ဘယ်နှနှစ်အထိ စားဖို့ရှိတယ်လို့ ပြောလို့ရမလဲ ။
ဖြေ - အဲဒီလိုတော့ ကျွန်တော်တို့က အများကြီးတော့ မရှိဘူးပေါ့နော်။ အမှန်တကယ်ကတော့ ကျွန်တော်တို့က တစ်ကမ္ဘာလုံးရဲ့ ပုံစံနဲ့ ခြုံပြောရရင် ဆန် စိုက်ပျိုး ထုတ်လုပ် ပြီးတော့ ပိုလျှံတဲ့နိုင်ငံတွေဟာ အရန်ဆန်စနစ်ကို သိပ်ပြီး တော့ Invert မလုပ်ဘူး။ ဥပမာ ဆန် တင်သွင်းစားသုံးတဲ့ နိုင်ငံတွေဆို အရန်ဆန်စနစ်ကို အရမ်းလုပ်ကြတယ်။ သူက တင်သွင်းစားတာကို။ အထူးသဖြင့် ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့ မလေးရှားတို့ဆို သူက အရန်ဆန်ကို အများကြီးထားရတယ်။ ကျွန်တော်တို့ နိုင်ငံလိုမျိုးကျတော့ ဒါ အခု နိုင်ငံ မတည်မငြိမ်ဖြစ်တာတော့ ထူးခြားတဲ့ ဖြစ်စဉ် ပေါ့နော်။ အရင်ကလည်း ဒီလို မရှိခဲ့တဲ့ အခါကျတော့ အခုလို ဒီလို ဖြစ်တာထက် ကျွန်တော်တို့ဟာ တစ်ပတ်ဆန်၊ နှစ်ပတ်ဆန် ခုနက ပြောသလို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့အခါမှာ ကျွန်တော်တို့ ၂၄ နာရီအတွင်း၊ ၄၈ နာရီအတွင်း နောက် ၇၂ နာရီအတွင်း ကျွန်တော်တို့ ဖြန့် ဖြူးပေးနိုင်တဲ့ ပမာဏပေါ့။ တစ်ပတ်၊ နှစ်ပတ် ဖြန့်ဖြူး ပေးနိုင်တဲ့ ပမာဏပဲ။ ကျွန်တော်တို့က အရန်ဆန် စနစ်ထဲ မှာ ရှိတာပေါ့။ ဒါပေမဲ့ ပုဂ္ဂလိက သိုလှောင်ရုံတွေမှာတော့ ရှိတာပေါ့။ ပုဂ္ဂလိက သိုလှောင်ရုံတွေ၊ ပုဂ္ဂလိက ဆန်စက် တွေမှာတော့ ကျွန်တော်တို့က ဆန်က လုံလုံ လောက်လောက်ရှိပါတယ်။ ခုနကပြောသလိုပေါ့နော် ကျွန်တော်တို့ တတ်နိုင်သမျှတော့ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ရင်တော့ ကျွန်တော်တို့က ဒါ ဒီအပေါ်မှာ သိပ်မရှိဘူး။ မယူဆဘူး။ ဆန်ကတော့ အဟောင်းစားတဲ့ နိုင်ငံဖြစ်တော့ ဆန် အဟောင်း၊ စပါးအဟောင်း တော်တော် များများကတော့ ရှိပါတယ်။ အမြဲတမ်းက။ ဒါပေမဲ့ ခုနက ပြောသလို ကျွန်တော်တို့ သမားရိုးကျ အရန်ဆန် စနစ်က တော့ ကျွန်တော်ပြောသလိုပေါ့နော်။ ကျွန်တော်တို့ ၂၄ နာရီအတွင်း ၊ ၄၈ နာရီအတွင်း ၊ ၇၂ နာရီအတွင်း သဘာဝ ဘေးအန္တရာယ်ကျလာတဲ့အချိန်တွေမှာ ကျွန်တော်တို့ အသုံးပြုနိုင်မယ့် ပမာဏရှိတယ်။ မြန်မာနိုင်ငံရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ရန်ကုန်ဈေးကွက်နဲ့ မန္တလေးဈေးကွက်ကို နှစ်ပတ် ဒါမှမဟုတ် သုံးပတ် နောက်ဆုံး တစ်လအထိပေါ့။ ကျွန်တော်တို့ တည်ငြိမ်အောင် ထိန်းနိုင်တဲ့ အနေအထားရှိတယ်။ ဒါကတော့ ကျွန်တော်တို့က သာမန် အခြေအနေပေါ့။ နောက် သာမန် အခြေအနေထက် ပိုမိုပြီးတော့ ကျယ်ပြန့်လာမယ့် ကိစ္စရပ်ကိုတော့ ကျွန်တော်တို့ ဒီ တပ်မတော်ရိက္ခာ အစီအစဉ်တို့ ဘာတို့ ရှိတယ်။ တပ်မတော် ရိက္ခာ အစီအစဉ်ကလည်း တပ်မ တော်ကတော့ ခုနကပြောသလို ဝယ်ယူသိုလှောင် စုဆောင်းမှုကတော့ ပိုပြီးတော့ များတယ်။ များတဲ့အခါ ကျတော့ သူမှာကျတော့ ကျွန်တော်တို့က နာEmergency Reserve ကို အရင်တပ်မတော် အစိုးရ လက်ထက်တည်း က တပ်မတော်အတွက်တင် မဟုတ်ဘူး။ တစ်နိုင်ငံလုံး အတွက် စီစဉ်တာတော့ ရှိတယ်။ အဲဒီလိုဟာမျိုးနဲ့တော့ ပေါင်းစပ်ရမယ်လို့ထင်တယ်။
ကျေးဇူးတင်ပါတယ် အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ထိုင်းနှင့် အမေရိကန်အစိုးရတို့ တိုက်တွန်းတောင်းဆို
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း