ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်များ အပါအဝင် အစိုးရအဖွဲ့ဝင်များအားလုံး ကျန်းမာရေးစစ်ဆေးမှု ခံယူထားရ
Iris (NSS) - ဖေဖော်ဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီး နှင့် ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ အားလုံး ဇန်နဝါရီလကုန်ပိုင်းက ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရ ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီးများအပါအဝင် အစိုးရထိပ်ပိုင်း အရာရှိအားလုံး ကျန်းမာရေးစစ်ဆေးမှုခံယူရခြင်းကို နိုင်ငံတော်၏ ရုံးတွင်းနှုတ်မိန့်ညွှန်ကြားချက်ဆန်ဆန် အသိပေးထားခြင်းမျိုးဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ် တစ်ဦး NP News ကို အတည်ပြုသည်။
“မနေ့က ဆေးစစ်ပြီးကြပြီလို့ ပြောတယ်။ ပုံမှန်(၆)လတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု မဖြစ်မနေလုပ်ရတာလို့ သိရ တယ်” ဟု အစိုးရထိပ်ပိုင်းတာဝန်ရှိသူများနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ဦးကလည်း NP News ကို အတည်ပြုပြောကြားသည်။
အထူးသဖြင့် အစိုးရတာဝန် ထမ်းဆောင်နေသာ နိုင်ငံရေးရာထူးရှိသူ အားလုံး၏ ကျန်းမာရေးအခြေအနေကို လေ့လာဆန်းစစ်၍ ရှေ့ဆက်တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ-မရှိကို နိုင်ငံတော်အကြီးအကဲက လေ့လာသုံးသပ်သည့် သဘောမျိုးဖြစ်ကြောင်း၊ အကြီးအကဲကိုယ်တိုင်ပင်လျှင် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူလေ့ရှိကြောင်း သိရသည်။ ယခင်အစိုးရများ လက်ထက်အတွင်းက ယခုကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာဆေးစစ်မှုခံယူခြင်းမျိုး တိတိပပ ညွှန်ကြားလုပ်ဆောင်ခြင်းမျိုးမရှိ မိမိသဘောဆန္ဒအတိုင်းသာ လုပ်ဆောင်စေခဲ့ကြောင်း ကြားသိရသည်။
“ဝန်ကြီးအပြောင်းအလဲတွေ၊ အနားပေးတာတွေမှာ ကျန်းမာရေးအရ အနားပေးတာတွေကလည်း ထည့်စဉ်းစား ကြတဲ့အချက်တစ်ချက်ဖြစ်လာတာပေါ့။ နစက တက်ကတည်းက ဒါကို (ကျန်းမာရေးစစ်ဆေးမှုခံယူစေခြင်း) လုပ်နေတာပါ” ဟု သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။
နစက အိမ်စောင့်အစိုးရ၏သက်တမ်းကာလမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၃၁)ရက်တွင် သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သုံးနှစ်တာ ကာလအတွင်း ပြည်ထောင်စုဝန်ကြီးအချို့၊ ဝန်ကြီးချုပ်အချို့၊ ဒုဝန်ကြီးနှင့် ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးများ အပြောင်းအလဲမျိုးစုံကို ကျန်းမာရေး အ ကြောင်းပြချက်များဖြင့် ပြုလုပ်ခဲ့ဖူးကြောင်းလည်းကြားသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေ ကမ္ဘာ့အဆင့်(၁)အဖြစ် သတ်မှတ်ခံထားရသည့် ရေဝက်များကို စစ်တမ်းပြုစုစောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ