Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခြံအမှတ်(၅၄) လေလံတင်မည့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိခဲ့ပြီးနောက် မှတ်ချက်မပြု

Iris (NSS) - ဖေဖော်ဝါရီ ၁၃

ဒေါ်လာသန်း(၉၀)ခန့်ဖြင့် ဈေးသတ်မှတ်၍ လေလံတင်မည်ဖြစ်သော တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄)ကိစ္စကို နေထိုင်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်က သိရှိထားပြီးဖြစ်ကာ မည်သည့်မှတ်ချက်မှ မပေးကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သတင်းရရှိ သည်။

ဒေါ်ခင်ကြည် အမည်ပေါက်ဖြင့် အကျယ်အဝန်း နှစ်ဧကနီးပါးရှိသော အဆိုပါမြေကွက်ကို လေလံတင်မည့်ကိစ္စမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်၌ သတင်းဌာနများထံ စတင်ပေါက်ကြားလာခဲ့ပြီး နောက်ဆက်တွဲ ဆိုးရွားသော ဂယက်များလည်း ထွက်ပေါ်လာနေသည်ကို တွေ့နေရသည်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်သည့်အတွက် လေလံတင်မည့်ကိစ္စသည်  ဥပဒေ ကြောင်းအရ တရားဝင်မှုရှိ-မရှိ နှင့် ကာယကံရှင်များ သိရှိလက်ခံခြင်း ရှိမရှိဆိုသောမေးခွန်းများလည်း ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။ 


“ရုံးချိန်းက နှစ်လကျော်သွားတယ်လေ။ နှစ်ပတ်စီ ချိန်းဆိုခဲ့တာ အားလုံးပေါင်း လေးချိန်းရှိခဲ့တယ်။ ရုံးချိန်းတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာနဲ့ရေးသားပြီး ရှေ့နေတွေက အကြောင်းကြားပေးတယ်။ လေလံ ကြမ်းခင်းဈေး ဒီလောက်နဲ့ ဖြတ်မယ်ဆိုတာကိုလည်း ပေးသိခဲ့တယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) သိပြီးသားပါ။ အဲဒီအပေါ်မှာ သူက ဘာမှမပြောဘူး။ သိတာက သိတယ်” ဟု အမှုနှင့် ဆက်စပ်သော ရှေ့နေသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။ 

အထူးသဖြင့် ပြည်ပြေးသတင်းဌာနများထံ တရားရုံးစာရွက်သတင်းပေါက်ကြားခဲ့မှုနှင့်သက်ဆိုင်သူ ရှေ့နေများက လည်း အတည်ပြုထားခြင်းမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမှုလိုက်ရှေ့နေများက တရားဝင်အသိပေးထားပြီး ဖြစ် ကြောင်းလည်း သိရသည်။ ပြည်ပြေးသတင်းဌာနများ ထံသို့ ပေါက်ကြားသွားခဲ့သော တရားရုံး အမိန့်စာ စာရွက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေ တိုင်းရပ်ကွက် အမှတ် ၃၆  ၊ ဧရိယာ (၁  ဒသမ ၉၂၃ ဧက) ရှိ မြေကွက်ကြီးနှင့် မြေပေါ်ရှိ အဆောက်အအုံများ အပါအဝင် အားလုံးကို လေလံ တင်ရောင်းချနိုင်ရန်အတွက် သတင်းစာကြော်ငြာထည့်သွင်းနိုင်ရန် လေလံကြမ်းခင်း ဈေး တင်သွင်း အပ်ပါသည်ဟု ဖော်ပြပါရှိသည်။ 

လေလံ ကြမ်းခင်းဈေးမှာ မြန်မာငွေကျပ် သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) ဟူ၍ ဖော်ပြထားပြီး အမေရိကန်ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးရှိသည်ဟု တွက်ချက်ထားကြောင်းလည်း သိရသည်။ ဇန်နဝါရီလ (၂)ရက် ရက်စွဲဖြင့် တရားရုံးက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို အသုံးချ၍ ကိုယ်ကျိုးရှာသူများက ပြည်ပြေးမီဒီယာများထံ သတင်းပေါက်ကြားမှုများ ဖြစ်စေခဲ့သည့်အတွက် လူ့အသိုင်း အဝိုင်းအတွင်း၌ ဆိုးရွားလွန်းလှသော ခြိမ်းခြောက်သတ်ဖြတ်ရန် လှုံ့ဆော်မှုများကို NLD ထောက်ခံသူများဘက်မှ ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာ ကွန်ရက်များတွင် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် မတ်လ(၂၀)ရက်တွင် လေလံတင်မည်ဟု  အသိပေးကြေညာထားသော အဆိုပါ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ခြံအမှတ်(၅၄)သည် မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်က အမည်ပေါက်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ဟုသော သက်ရှိထင်ရှား ရှိနေသေးသူ သားသမီးနှစ်ဦးက မိဘအမွေအဖြစ် ဥပဒေရ ခွဲဝေပိုင်ဆိုင်ခွင့် ရှိနေသည်။ နှစ်ဧကနီးပါး ကျယ်ဝန်းသော အဆိုပါခြံနှင့်အိမ်ကြီးတွင် ဦးအောင်ဆန်းဦးက လွန်ခဲ့သောနှစ်(၃၀)ထက်မနည်းသည့်ကာလ အတွင်း၌  နေထိုင်ခွင့် အလျှင်းမရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကသာလျှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မဖြစ်ခင် အထိ သိမ်းပိုက်နေထိုင်ခဲ့သည်ကို တွေ့ရသည်။ 


မြန်မာမှု မိသားစုဆိုင်ရာသတ်မှတ်ချက်များအရ ဖြစ်စေ၊ တည်ဆဲ တရားဝင်ဥပဒေများအရဖြစ်စေ ဦးအောင်ဆန်းဦး က မိဘများချန်ရစ်ခဲ့သောအမွေကို ခွဲဝေဆက်ခံပိုင်ခွင့်ရှိသည့်အတွက် ထုခွဲရောင်းချ၍ အမွေရပိုင်ခွင့်ပေးပါရန် တောင်းဆိုခွင့်ရှိကြောင်းလည်း ဥပဒေပညာရှင်များက အတည်ပြုသည်။ 

ယင်းအတွက်ကြောင့် တရားမျှတမှုအကြောင်းကို လူထုထံကိုယ်စားပြုပြောဆိုလေ့ရှိသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော်အကြီးအကဲဖြစ်ခဲ့စဉ်ကာလအထိ ဦးအောင်ဆန်းဦးဘက်က ဥပဒေကြောင်းမှ အမွေခွဲဝေခွင့် တောင်းဆိုမှုများ လုပ်ခဲ့ဖူးကြောင်းလည်း သိရသည်။ သို့သော်လည်း တရားမျှတမှုအ ကြောင်း အစဉ်တစိုက် လှုံ့ဆော်ပြောဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၎င်း၏နိုင်ငံတော်အတိုင်ပင်ခံရာထူး ရပ်ဆိုင်းသွားသည့် ကာလတိုင်အောင်ပင်လျှင် မည်သည့် အမွေခွဲဝေပေးမှုကိုပင် မလုပ်ခဲ့ကြောင်းလည်း တရားခွင်ဖြစ်စဉ်များအရ သိရသည်။

လက်ရှိအချိန်တွင် နေပြည်တော်အကျဉ်းထောင်အတွင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း ကိုယ်စားလှယ်ရှေ့နေများမှတစ်ဆင့် ဦးအောင်ဆန်းဦး၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဦးတိုက် လျှောက်ထားမှုကို နှစ်လတိုင်တိုင် တရား ခွင်ဖြတ်သန်း၍ အတည်ပြုဆုံးဖြတ်မှုခံယူပြီး ဖြစ်သည့် အတွက် လေလံတင် ရောင်းချရေးကိစ္စမှာ တရားဝင်အ တည်ဖြစ်ပေါ်လာပြီဟု ဆိုနိုင်သည်။ ယင်းအတွက်ကြောင့် လေလံတင် ရောင်းချရေးလုပ်ငန်းစဉ်မှာ မတ်လ(၂၀) ရက်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွင်း၌ ဖြစ်ပေါ် လာမည်ဖြစ်ပြီး လေလံတင်မှု အကြိမ်ကြိမ် မအောင်မြင်ပါက ယခုထက်လျော့နည်းသော ဈေးနှုန်းဖြင့်သာ ရောင်းချသွားရနိုင်ခြေရှိနေကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကျဉ်းကျနေသော ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမည့်ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်မြောက်မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved