အကျဉ်းကျနေသော ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမည့်ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်မြောက်မည်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးသော အကျဉ်းသားစာရင်းထဲတွင် ပါဝင်လာဖွယ်ရှိနေရာ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လွတ်မြောက်လာဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းတရားရုံးရေးဝန်ကြီး Tawee Sodsong က လာမည့်ရက်ပိုင်းအတွင်း အကျဉ်းသား ၉၃ဝ ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။ ၎င်းက "ထိုင်းအကျဉ်းဦးစီးဌာနဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လူစာရင်းကို တင်ပြခဲ့တယ်။ အဲဒီတင်ပြခဲ့သူတွေ လူပေါင်း ၉၄၅ ဦးထဲက လူပေါင်း ၉၃ဝ ကို လွတ်မြောက်ခွင့်ပေးမှာပါ။ အဲဒီလူစာရင်းထဲမှာ အသက် ၇ဝ အရွယ်ရှိတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ ပါဝင်ပါတယ်" ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သောနှစ်တွင် ထိုင်းနိုင်ငံသို့ပြန်လာခဲ့ရာ ၎င်းအပေါ်ချမှတ်ထားသော ပြစ်ဒဏ်များကို ခံယူခဲ့ရာ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ရကြောင်း၊ သက်ဆင်သည် အကျဉ်းထောင်သို့ ပို့ဆောင်ခံရသော ပထမဆုံးညတွင် ကျန်းမာရေးထိခိုက်ခဲ့သည့်အတွက် အကျဉ်းထောင်မှ ရဲဆေးရုံသို့ ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။
သက်ဆင်သည် ထိုင်းရဲတပ်ဖွဲ့ဆေးရုံတွင် လပေါင်းများစွာကြာ တက်ရောက်ကုသခဲ့ကြောင်း သိရသည်။ သက်ဆင် ဦးဆောင်တည်ထောင်ခဲ့သော ဖြူထိုင်းပါတီသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၏အာဏာရပါတီအဖြစ် ရပ်တည် နေပြီး ထိုင်းအစိုးရအဖွဲ့ကိုဦးဆောင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ သက်ဆင်၏သမီးဖြစ်သူသည် လက်ရှိအချိန်တွင် ဖြူထိုင်းပါတီ၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်နေကြောင်း သိရသည်။
သက်ဆင်၏မိသားစုသည် သက်ဆင်ပြန်လည်လွတ်မြောက်လာပြီးနောက် ချန်ဆောင်လာအိမ်ယာတွင် နေထိုင်နိုင် ရန်အတွက် အိမ်ကို ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။ ထိုင်းတရားရေးဝန်ကြီးက "သက်ဆင်ဟာ အသက် ၇ဝ နှစ်နဲ့အထက် ဒါမှမဟုတ် ကျန်းမာရေးမကောင်းတဲ့အုပ်စုတွေထဲပါဝင်တယ်။ သက်ဆင်ဟာ လာမယ့်ရက်ပိုင်း အတွင်းပြန်လည်လွှတ်မြောက်လာဖွယ်ရှိပါတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အား (၁၀ဝဝ)မဂ္ဂါဝပ်အထိ ဝယ်ယူသုံးစွဲရန် လျာထားပြင်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ