Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်နက်ဖြင့် တိုက်ခိုက်ရယူထားသောနယ်မြေများအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်တို့သည် တရားဝင်ဖြစ်မှု တည်မြဲမှုမရှိ

မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၃

လက်နက်ကိုင်တိုက်ပွဲဖော်၍ ရယူထားသောနယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သတ်မှတ်ခြင်းတို့သည် တရားဝင်ဖြစ်မှုမရှိသည့်အတွက် တည်မြဲမှုမရှိနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA ၊  AA တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်ဒေသရှိ တပ်မတော် လုံခြုံရေးစခန်းများကို တိုက်ခိုက်ကာ မြို့များကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

ထိုသို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များတွင်လည်း ၎င်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကိုယ်ပိုင် နယ်မြေ အဖြစ်သတ်မှတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်လျက်ရှိသည်။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ကာ လွှတ်တော်၏ အတည်ပြု ချက်ရရှိရန်လိုအပ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

“လက်နက်နဲ့ သူတို့ရဲ့နယ်မြေတွေကို ရယူနိုင် ပြီဆိုရုံလောက်နဲ့ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်ကို ရတာမဟုတ်ဘူးလို့ အဓိပ္ပာယ် ဖွင့်လိုပုံရတယ်။ လက်နက်နဲ့ သူ့နေရာကိုပြန်ပြီး ရရုံနဲ့ပေါ့ဗျာ။ သူတို့မျှော်မှန်းတဲ့၊ ရည်မှန်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ရသွားပြီလို့ မှတ်ယူလို့မရဘူး ဆိုတာကို သတင်းပါးလိုပုံရတယ်။ ဆိုတော့ အခြေခံဥပဒေအရပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ရယူနိုင်တယ်။ သူ့အနေနဲ့ အခြေခံဥပဒေအရ ပေးပိုင်ခွင့်မရှိဘူးဆိုတာကို ပြောလိုပုံရတယ်။ အဲဒါကတော့ အခြေခံဥပဒေအပေါ်မှာ သူ့ဘက်က ရပ်တည်ချက်ကို ပြောတာဖြစ်မယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသောပြဿနာများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်သည်ဟုလည်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံဥပဒေအရ ဆွေးနွေးအတည်ပြုပြီး ရယူထားခြင်း မဟုတ်သည့်အတွက် ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်တို့သည် ပီပီပြင်ပြင်ဖြစ်မလာနိုင်ကြောင်းနှင့် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်ထားသည်။

“လိုရင်းက ရယူသွားရင်လည်းပဲ  အဲဒီနယ်မြေ ကို ပြန်ရယူဖို့အတွက် သူ့(နစကဥက္ကဋ္ဌ)မှာ တာဝန်ပေးထား ပြီးသားဖြစ်တယ်။ အဲဒါကြောင့် အဲဒီလို မြေရသွားရင်လည်းပဲ သူ့ဘက်က ပြန်ရအောင်လုပ်ရမယ်။ အဲဒီနယ်မြေ တွေသည် မတည်မြဲဘူး။ မငြိမ်းချမ်းဘူးပေါ့ဗျာ။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဆိုတာ ပီပီပြင်ပြင်ဖြစ် မလာနိုင်ဘူး။ စစ်ဖြစ်နေကြရအုံးမယ်။ သူလည်း ပေးလို့မရဘူး။ ပေးလို့မရသလို မရရအောင် ပြန်ယူရမယ့် တာဝန်လည်းရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက်က တိုက်ကွက်ပြန်ဖော်ရမယ်ဆိုတာကို သတင်းပါးတဲ့ ပုံပေါက်တာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောသည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများနှင့်ပတ်သက်၍ NCA ရေးဆွဲစဉ်က ညှိနှိုင်းသဘော တူညီမှုများ ပြုလုပ်ကာ ထည့်သွင်းရေးဆွဲ၍ အတည်ပြုထားပြီးဖြစ်ကြောင်း အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို သက်ဆိုင်သူများအားလုံး ညှိနှိုင်းဆွေးနွေးမှုဖြင့် ရရှိလာသည့်သဘောတူညီချက်သည်သာ လက်တွေ့ပိုကျကြောင်းလည်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကို သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ ပြောနေတဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုလို့ပဲ ပြောပြော၊ တိုင်းရင်းသားတွေအနေနဲ့ကလည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရေးတွေကို ပြည့်ပြည့်ဝဝ ကျင့်သုံး နိုင်တဲ့ ယူနစ်တွေရှိတဲ့ လူမျိုးတစ်မျိုးအနေနဲ့ ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးပြောဆိုခြင်း ကနေ ထွက်ရှိလာတဲ့ သဘောတူညီချက်အရ လုပ်ဆောင်ခြင်းက ပိုပြီးတော့ လက်တွေ့ကျမယ်လို့ ကျွန်တော့် အနေနဲ့ အဲဒီလိုမြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)သည် ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်းထား ခြင်းဖြစ်သည့်အတွက်  ကျော်လွန်ဆောင်ရွက်၍ မရ ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော် အသိပေးထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ မည်သူ့ထံတွင်မှ အခွင့်အာဏာမရှိကြောင်း ထောက်ပြ သတိပေးထားသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့်      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လျော့နည်းရပ်တန့်လျက်ရှိသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခြံအမှတ်(၅၄) လေလံတင်မည့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိခဲ့ပြီးနောက် မှတ်ချက်မပြု

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved