တပ်ချုပ်နှင့် နိုင်ငံရေးပါတီတို့၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲကို မကြာခင် နာရီပိုင်းအတွင်း ကျင်းပမည်
ပုံစာ - နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၃
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီတို့၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲကို မကြာခင် နာရီပိုင်း အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲကို ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်)၊ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် နေပြည်တော်၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံမှ သိရသည်။
“ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ တွေ့ဆုံကြမှာပါ။ မနေ့က ပြည်ထောင်စုနေ့ ညစာစားပွဲမှာ တွေ့ဆုံဖို့ အကြောင်းကြား တာပါ။ အရင်က ဒီနေ့မှာ UEC ရယ်၊ NSPNC တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို မနက်ဖြန်ကို ရွှေ့သွားတယ်။ ဒီနေ့မှာက တပ်ချုပ်နဲ့ တွေ့ဆုံကြမှာပေါ့”ဟု နိုင်ငံရေးပါတီတစ်ခုမှ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးက NSS ကို ပြောသည်။
ယနေ့တွင် နိုင်ငံရေးပါတီများနှင့် UEC၊ NSPNC တို့ သီးခြားစီတွေ့ဆုံမည့်အစီအစဉ်ကို မနက်ဖြန် (ဖေဖော်ဝါရီလ ၁၄ ရက်)သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။
ပြီးခဲ့သော လွတ်လွပ်ရေးနေ့အပြီး ဇန်နဝါရီလ ၆ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီတို့သည် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ထိုသို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၌ ပါတီများအပေါ် ကန့်သတ်ထားသော ပြဋ္ဌာန်းချက်အချို့ကို နစကဘက်က ဖြေလျှော့ပေးမှုရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တွင်းကြီးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ