တောင်ကိုရီးယားသရုပ်ဆောင် ဂျီချောင်ဝုခ် အခန်းတွင်း ဆေးလိပ်သောက်မိခြင်းအတွက် အေဂျင်စီမှ ပြန်လည်တောင်းပန်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၂
တောင်ကိုရီးယားသရုပ်ဆောင် ဂျီချောင်ဝုခ်ဟာ ဇန်နဝါရီ ၂၆ ရက်က အခန်းတွင်း ဆေးလိပ်သောက်မိခြင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒီအတွက်သူ့ရဲ့အေဂျင်စီက တရားဝင်တောင်းပန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယား ဒရာမာ "Welcome to Samdalri” ထဲက မင်းသားဂျီချောင်ဝုခ်ဟာ မိုးလုံလေလုံ အဆောက်အဦးခန်းထဲမှာ အီလက်ထရွန်နစ် စီးကရက် သောက်နေတဲ့ Behind the scene ဗီဒီယိုဖိုင်ကို ၎င်းရဲ့ "Welcome to Samdalri" team က အွန်လိုင်းမှာ တင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ သတ်မှတ်ထားတဲ့ ဆေးလိပ်သောက်ဖို့ နေရာများမှလွဲလို့ အများသူငှာနေရာတွေမှာ ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) vape သောက်ခြင်းဟာ တရားမဝင်ပါဘူး။ ဒါကြောင့် အဆိုပါဗီဒီယိုဖိုင်ဟာ အငြင်းပွားဖွယ်ရာတွေဖြစ်ပွားခဲ့ပြီး “Welcome to Samdalri” အဖွဲ့က အဆိုပါဗီဒီယိုကို ပြန်ဖျက်ပစ်ခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်မှာတော့ ဂျီချောင်ဝုခ် ရဲ့အေဂျင်စီ Spring Company က" ဇန်နဝါရီ ၂၆ ရက်က ထွက်ရှိခဲ့တဲ့ ဒရာမာရိုက်ကွင်းမှာ ဂျီချောင်ဝုခ်ရဲ့ ပုံရိပ်ဗီဒီယိုနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သူတိုင်းကို တောင်းပန်ပါတယ်။ မင်းသား ဂျီချောင်ဝုခ် ဟာလည်း သူ့အပြုအမူ မလျော်ကန်ကြောင်း သိရှိပြီး ပရိသတ်ကို စိတ်ပျက်စေခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ နောက် ဒီလိုမလျော်ကန်တဲ့ အပြုအမူမျိုး ထပ်မံမဖြစ်ပွားစေဖို့ အထူးဂရုစိုက်ပါမယ်" လို့ ရေးသားကာ တောင်းပန်ခဲ့ ပါတယ်။
မင်းသာ ဂျီချောင်ဝုဒ်ဟာ ၂ဝ၁၄ ခုနှစ်က Empress Ki ဇာတ်လမ်းတွဲနဲ့ လူသိများခဲ့ပြီး "Healer" "The K2" "Welcome to Samdal-ri" ဒရာမာနဲ့ အောင်မြင်မှုတွေ ရရှိထားသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းတကော်တွင် ဘိလပ်မြေဖျော်ကား ဘရိတ်ပေါက်၍ တွဲကားကိုဝင်မိခဲ့ရာ တွဲကားတိမ်းမှောက် မီးလောင်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ