အင်းတကော်တွင် ဘိလပ်မြေဖျော်ကား ဘရိတ်ပေါက်၍ တွဲကားကိုဝင်မိခဲ့ရာ တွဲကားတိမ်းမှောက် မီးလောင်
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့တွင် ဘိလပ်မြေဖျော်ကားဘရိတ်ပေါက်၍ တွဲကားအား ဝင်တိုက်မိခဲ့ရာမှ တွဲကားတိမ်းမှောက်ကာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မေတ္တာရွှေစင်ပရဟိတအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်)၊ ည ၇နာရီ ၃ဝ မိနစ်အချိန်က အင်းတကော်မြို့၊ (၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဘိလပ်မြေဖျော်တဲ့ကားက ဘရိတ်ပေါက်ပြီးတော့ လမ်းလယ်ကျွန်းကို ကျော်တက်သွားပြီး ပဲခူးကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ကြက်စာတွေတင်တဲ့ တွဲကားကို ဝင်တိုက်မိတာ။ အဲဒီမှာ တွဲကားကမှောက်သွားပြီး မီးလောင်သွားတာပါ" ဟု မေတ္တာရွှေစင် ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း CP ကြက်စာများ တင်ဆောင်လာသည့်တွဲကားမှာ တိမ်းမှောက်၍ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
"လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ဘိလပ်မြေဖျော်ကားဝင်တိုက်တဲ့ လမ်းလယ်က ဓာတ်တိုင်တော့လဲသွားတယ်။ ကားချင်းဝင်တိုက်တော့ တွဲကားက မှောက်ပြီးကြက်စာတွေ မီးလောင်သွားတယ်။ ကြက်စာတွေက တွဲကားအပြည့်ဆိုတော့ ပျက်စီးဆုံးရှုံးမှုများတယ်။ ဘိလပ်မြေဖျော်ကားက ခေါင်းကြေသွားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်တွဲကားကို အင်းတကော်မြို့နယ်မြေမီးသတ်စခန်းနှင့် ပရဟိတအသင်းအဖွဲ့များက (၃ဝ)မိနစ်ခန့်သွားရောက် မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း မြန်မာ့သတင်းများနှင့် ကမ္ဘာတစ်ဝန်းက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း