ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေးကြောင့် ကလေးငယ်တစ်ဦး သေဆုံး
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၂
ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးကြောင့်
နိုင်ငံ၊ အရှေ့မြောက်ပိုင်း ကရာတီပြည်နယ်မှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ မိသားစုနဲ့အတူ ကြက်သား စားပြီးနောက် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေ ခံစားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်က သေဆုံးခဲ့ပါတယ်။ အဆိုပါကလေးငယ်ဟာ ပြင်းထန် H5N1 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့တယ်လို့ စမ်းသပ်စစ်ဆေးမှုတွေက အတည်ပြုခဲ့ပါတယ်။
အထောက်အထားတွေအရ လူနာရဲ့အိမ်မှာ ကြက်ငါးကောင်နဲ့ ဘဲသုံးကောင်ဟာ လက်ငှက်တုပ်ကွေးနဲ့ သေဆုံးခဲ့ ပြီး အဆိုပါကြက်တွေနဲ့ ဘဲတွေကို မိသားစုက ချက်ပြုတ်စားသောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အရာရှိတွေဟာ ဗိုင်းရပ်စ်ရဲ့ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ်ဖြစ်ပွားမှုတွေကိုလည်း ဆက်လက်ရှာဖွေ နေတယ်လို့ သိရပါတယ်။
"H5N1 ဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေတာကြောင့် ကြက်ငှက် တုပ်ကွေးရောဂါကို ပြည်သူတွေအားလုံး သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံသတိပေးထားပါတယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
၂ဝ၂၃ ခုနှစ်က နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လယ်မြေ ၁ဝ ဧကအထက် တောင်သူတွေကို ဆန်စပါးအဖွဲ့ချုပ်က ချေးငွေထုတ်ပေးမည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ