ပါကစ္စတန်နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီတွေ စုစည်းညီညွတ်ဖို့ ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၁
ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအတွင်းရှိ နိုင်ငံရေးသမားတွေကို တစ်ဦးနဲ့တစ်ဦး၊ တစ်ပါတီနဲ့တစ်ပါတီ စုစည်းညီညွတ်ကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပါကစ္စတန်ရွေးကောက်ပွဲမှာ တစ်ပါတီတည်းက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်တဲ့ မဲရလဒ်မျိုးမရဘဲရှိခဲ့ပြီးနောက် ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်ရွေးကောက်ပွဲမှာ တစ်ပါတီတည်းက အပြတ်အသတ် အနိုင်မရတဲ့အတွက် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းရဖွယ်ရှိနေကြောင်း သိရပါတယ်။
ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ Asim Munir က "ရွေးကောက်ပွဲဟာ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုတွေဖြစ်အောင် ယူဆောင်ပေးရမယ်။ ရွေးကောက်ပွဲတွေဟာ ပါကစ္စတန်ပြည်သူတွေအတွက် ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ယူဆောင်ပေးရမယ်။ လက်ရှိအချိန်မှာ နိုင်ငံတည်ငြိမ်ဖို့ လိုအပ်တယ်။ မင်းမဲ့ စရိုက်ဆန်တဲ့ နိုင်ငံရေးကနေ တည်ငြိမ်တဲ့နိုင်ငံဖြစ်အောင် လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းနှစ်ဦးြစ်တဲ့ အီရန်ခန်း နဲ့ နာဝက်ရှာရစ်တို့က ၎င်းတို့ပါတီတွေ အနိုင်ရကြောင်း ကြေညာထားပြီး အငြင်းပွားမှုတွေရှိနေပါတယ်။ လက်ရှိအချိန်မှာ ပါကစ္စတန်နိုင်ငံအဓိက နိုင်ငံရေးပါတီတွေကြား မဲရလဒ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပွားလျက်ရှိနေပြီး ရလဒ်တွေကို ချက်ချင်း ကြေညာနိုင်တာမျိုးမရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ပါတီငယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေလည်း အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်တွေ အပြည့်အဝကို ၂ ရက်ကျော်ကြာချိန်အထိ အပြည့်အဝ မကြေညာနိုင်သေးကြောင်း သိရပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ ပုံမှန်မဟုတ်တဲ့အခြေအနေ တွေကို စုံစမ်းစစ်ဆေးစေလိုကြောင်း တိုက်တွန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံ ခါကစ်ဗ်မြို့ကို ရုရှားတပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ်(၃)ဦး အပါအဝင် အနည်းဆုံးလူ(၇)ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ