ကောလင်းမြို့အား တပ်မတော်မှအပြီးတိုင်ထိန်းချုပ်နိုင်ခဲ့ပြီး နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု နစက ထုတ်ပြန်
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၁
KIA၊ PDF ပူးပေါင်းအဖွဲ့ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နစကမှ ဖေဖော်ဝါရီ(၁ဝ)ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တိုက်ခိုက်ထိန်းချုပ်ခဲ့ခြင်းကြောင့် တပ်မတော်မှ လိုအပ်သည့်စစ်ကူ၊ ပစ်ကူအင်အားများကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်မှ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ တတိယပတ်အထိ ပြင်ဆင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော်စစ်ကူစစ်ကြောင်းများသည် ကောလင်းမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ KIA၊ PDF အကြမ်းဖက်သမားများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်ရန် ဇန်နဝါရီ(၂၇)ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့သို့ ရောက်ရှိခဲ့ကြသည်။
ထိုမှတဆင့် တပ်မတော်နှင့် အကြမ်းဖက်များ ထိတွေ့တိုက်ပွဲ (၁၈)ကြိမ်ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ကောလင်းမြို့အား တပ်မတော်မှ အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ထိတွေ့မှု ဖြစ်ပွားချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရှိမှုများ ရှိခဲ့ပြီး အကြမ်းဖက်များထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း နစကမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ ရန်လိုမှုတွေ ပိုမိုကျယ်ပြန့်လာမှာ မလိုလားကြောင်း အီရန်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ