အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ ရန်လိုမှုတွေ ပိုမိုကျယ်ပြန့်လာမှာ မလိုလားကြောင်း အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၁
အီရန် နဲ့ လက်ဘနွန်နိုင်ငံတို့ဟာ စစ်ပွဲတွေ နဲ့ ရန်လိုမှုတွေ လက်ရှိထက်ပိုမိုကျယ်ပြန့်တိုးချဲ့လာမှာကို မလိုလားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် စစ်မီးဟာ အရှေ့အလယ်ပိုင်းဒေသကို ပိုမိုကျယ်ပြန့်သွားမှာကို စိုးရိမ်မှုမြင့်တက်နေချိန်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၄ လကျော်ကြာမြင့်နေပြီး လက်ရှိအချိန်အထိ ပြီးဆုံးခြင်းမရှိသေးပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီးဟူစိန်က "အီရန် နဲ့ လက်ဘနွန်နိုင်ငံတို့ဟာ စစ်ပွဲကို ပိုမိုကျယ်ပြန့်သွားမှာ မလိုလားဘူး။ စစ်ပွဲဟာ အဖြေတစ်ခုမဟုတ်ဘူး" လို့ပြောပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ဟူသီလက်နက်ကိုင်အဖွဲ့၊ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့တွေကို ကူညီပံ့ပိုးပေးနေတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်းဖြစ်ပွားနေတဲ့ စစ်မီး ပိုမိုတောက်လောင်လာမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ရေးရာများနှင့် ကမ္ဘာတစ်ဝန်းက သတင်းထူးများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း