မြန်မာအရေးအတွက် ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမယ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၁
ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Parnpree Bahindra-Nukara ဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်နဲ့တွေ့ဆုံပြီး မြန်မာအရေးကို ဆွေးနွေးဖွယ်ရှိနေ ကြောင်း အဆိုပါကိစ္စနဲ့နီးစပ်သူများက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ဖိတ်ခေါ်ချက်အရ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံကို ဖေဖော်ဝါရီ ၁ဝ ရက်ကနေ ၁၂ ရက်အထိ သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ က နေရပ်စွန့်ခွာသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့နိုင်ငံဖြစ်ပါ တယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ၎င်းရဲ့အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး၊ အမေရိကန် လွှတ်တော်အမတ်တွေ၊ အမေရိကန်သမ္မတရဲ့လက်ထောက်အကြံပေးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ အာဆီယံအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးမယ့်အစီအစဉ်ကို သဘောတူထောက်ခံထားကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံကို ခရီးမသွားခင်ရက်ပိုင်းအလိုက ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မဲဆောက်မြို့ကို သွားရောက်ကာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်မယ့်အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကောလင်းမြို့အား တပ်မတော်မှအပြီးတိုင်ထိန်းချုပ်နိုင်ခဲ့ပြီး နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု နစက ထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ