အမေရိကန်သတင်းထောက်တက်ကာကာဆန်က သစ္စာဖောက်တစ်ဦးဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၁
ရုရှားသမ္မတပူတင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အင်တာဗျူးခဲ့တဲ့ တက်ကာ ကာဆန်ဟာ သစ္စာဖောက်သူတစ်ဦးဖြစ် ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တက်ကာ ကာဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားသမ္မတပူတင်နဲ့ အင်တာဗျူးခဲ့ပြီး ရုရှားသမ္မတပူတင် အတွက် ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ နှစ်နီးပါးအတွင်း အမေရိကန်ဂျာနယ်လစ်တစ်ဦးနဲ့ ပထမဆုံးအကြိမ် အင်တာဗျူးခဲ့တာမျိုးဖြစ်ကြောင်း သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဘော်ရစ်ဂျွန်ဆင်က "ယူကရိန်းစစ်ပွဲမှာ အနိုင်ရမယ်ဆိုတဲ့ ပူတင်ရဲ့လိမ်လည်မှု အားလုံး အောက်မှာ မကျဆုံးသင့်ဘူး။ သတင်းထောက်တက်ကာကာဆန်ဟာလည်း အာဏာရှင်နဲ့ ဟန်ချက်ညီစွာကစားနေ တဲ့ သစ္စာဖောက်ဂျာနယ်လစ်တစ်ဦးသာဖြစ်တယ်။ တက်ကာကာဆန်ဟာ ရုရှားသမ္မတနဲ့အင်တာဗျူးချိန်မှာ ခက်ခဲတဲ့မေးခွန်းတွေ မမေးသလို ယူကရိန်းစစ်ပွဲမှာ ရုရှားတို့ရဲ့အဆင်ခြင်မဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မေးတာမျိုး မရှိခဲ့ဘူး" လို့ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင်က “ခြင်္သေ့နှလုံးသားရှိတဲ့ ယူကရိန်းနိုင်ငံသားတွေကို သူတို့နိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ ဘယ်အရာမှ တားဆီးနိုင်မှာ မဟုတ်ဘူး၊ ဘာမှဖြစ်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။
ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၂ နှစ်နီးပါးကြာချိန်အထိ ရုရှားဟာ ယူကရိန်းပိုင်နက်လေးခုကို သိမ်းဆည်းထားကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံထံကနေ ပိုင်နက်နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြီးမားတဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးအတွက် ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ