KIA၊ PDF ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က (၈၀)ရာခိုင်နှုန်းခန့် ပြန်လည်ထိန်းချုပ်နိုင်
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁ဝ
KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က (၈၀)ရာခိုင်နှုန်းခန့် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ သို့သော် ကောလင်းမြို့ပေါ်တွင် တပ်မတော် လုံခြုံရေးအဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
“ထိန်းချုပ်နိုင်လောက်တဲ့ အနေအထားမျိုးတော့ ရောက်နေပါပြီ။ ဒါပေမဲ့ ကောလင်းမြို့မှာက တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါ။ (၈၀)ရာခိုင်နှုန်းလောက် ထိန်းချုပ်လို့ရတဲ့သဘောရှိပါတယ်။ ပြည့်ပြည့် စုံစုံ ပြီးသွားတဲ့ အချိန်ရောက်ရင် ကျွန်တော်တို့ဘက်က ထုတ်ပြန်ပေးဖို့ ရှိပါတယ်” ဟု ကောလင်းမြို့ တိုက်ပွဲနှင့်ပတ်သက်၍ သိရှိသော တပ်မတော်အရာရှိတစ်ဦးက NSS ကိုပြောသည်။
တပ်မတော်အနေဖြင့် ကောလင်းမြို့ကို (၈၀) ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်သော်လည်း လက်ရှိ တွင် နှစ်ဖက်အကြား၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်း ချုပ်ထားသည့် ကောလင်းမြို့ကို တပ်မတော်အနေဖြင့် စီမံချက်ချမှတ်ကာ အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကောလင်းမြို့ရဲ့ မြောက်ဘက်၊ တောင်ဘက်၊ အနောက်ဘက်ကို အကုန်ရပြီ။ အရှေ့ဘက် တစ်ခြမ်းနည်းနည်းပဲ ကျန်တော့တယ်။ (၈၀)ရာခိုင်နှုန်းလောက်ရပြီ။ ကျွန်တော်တို့က မြို့ကို ဝိုင်းပြီး တော့ “ပ” ပုံစံနဲ့ သွားတာ။ မြို့ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ အိမ်တွေမှာ တိုက်ပွဲက ဆက်ဖြစ်နေတာ။ အကျအဆုံးများတာက တော့ PDF တွေများတယ်”ဟု အထက်ပါအရာရှိက ဆက်လက်ပြောသည်။
ကောလင်းမြို့အတွင်း၌ တပ်မတော်နှင့် ပူးပေါင်းအဖွဲ့တို့အကြား အပြန်အလှန် အနေအထားသာ ရှိသေးကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် Kawlin Revolution အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တိုက်ခိုက်ထိန်းချုပ်ပြီးနောက် ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှစတင်ကာ တပ်မတော်ဘက်က ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဆိုင်မြို့ကို မည်သူမျှ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်ကြား ဆက်လက်စစ်ရေးတင်းမာနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ