ဆီဆိုင်မြို့ကို မည်သူမျှ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်ကြား ဆက်လက်စစ်ရေးတင်းမာနေ
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁ဝ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့ကို မည်သူမျှ ထိန်းချုပ် နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်အကြား ဆက်လက်စစ်ရေး တင်းမာနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဆီဆိုင်မြို့၏ တောင်ဘက်ခြမ်းကို PNLA၊ KNDF၊ PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားပြီး ဆီဆိုင်မြို့၏ မြောက်ဘက်ခြမ်းကို တပ်မတော်နှင့် PNO အဖွဲ့က ထိန်းချုပ်ထားကြောင်း သိရသည်။
“ဆီဆိုင်ထဲမှာက အဲဒီအဖွဲ့(PNLA ပူးပေါင်း အဖွဲ့)တွေ အများကြီးရှိသေးတယ်။ သူတို့က ဆီဆိုင် မြို့ရဲ့ တောင်ဘက်ခြမ်းမှာ ရှိတယ်။ ကျွန်တော်တို့က ဆီဆိုင်မြို့ရဲ့ မြောက်ဘက်ခြမ်းမှာ ရှိတယ်။ အခုလော လောဆယ် ကျွန်တော်တို့က ခံစစ်ပဲ ပြင်ထားတာ ဆိုတော့ အခြေအနေက ဘာဆက်ဖြစ်မလဲ မသိသေး ဘူး။ ကျွန်တော်တို့ ထိုးစစ်ဆင်လိုက်မယ်ဆိုရင်တော့ တိုက်ပွဲက ပိုပြင်းထန်လာမယ်။ ဒါပေမဲ့ ဘယ်လိုဖြစ် မလဲဆိုတာတော့ မသိသေးဘူးပေါ့။ အခုတော့ နှစ်ဖက်အကြားမှာ စစ်ရေးက တင်းမာနေ တုန်းပဲ” ဟု PNO အဖွဲ့၏ ထိပ်ပိုင်းအရာရှိတစ်ဦးက NSS ကို ပြောသည်။
ဆီဆိုင်မြို့အတွင်း၌ ဖေဖော်ဝါရီလ ၈ ရက်တွင် နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေး ကြောင်း၎င်းက ဆက်လက်ပြောသည်။ “သူတို့ ဇန်နဝါရီလ ၂၆ ရက်နေ့တုန်းက ဆီဆိုင်မြို့ကို သိမ်းလိုက်ပြီဆိုပြီး ကြေညာထားတယ်။ အဲဒီလို ကြေညာပေမယ့် ဓာတ်ပုံလေးဝင်ရိုက်ပြီးတော့ ထွက်ပြေးသွားတယ်။ ဆီဆိုင်မြို့ကို ဘယ်သူမှ ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ နှစ်ဖက်စစ်ရေးတင်းမာ နေတုန်းပါပဲ”ဟု PNO အဖွဲ့၏ ထိပ်ပိုင်းအရာရှိက ထပ်မံ ပြောသည်။
PNLA၊ KNDF၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့ သော ဇန်နဝါရီလ ၂၄ ရက်မှစတင်ကာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ လုံခြုံရေး စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက် ခိုက်မှုကြောင့် နှစ်ဖက်ကြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ အရပ်သား နေအိမ်များ၊ ဘုန်းကြီးကျောင်းများသည်လည်း ထိခိုက်ပျက်စီးမှု များ ဖြစ်ပေါ်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအစိုးရအနေဖြင့် အမေရိကန်ထံမှ ငွေကြေးမရရှိပါက IMF အဖွဲ့ဘက်သို့ ဦးလှည့်သွားနိုင်ကြောင်း Bloomberg ဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ