BLACKPINK ရဲ့ “BORN PINK” အယ်လ်ဘမ်က ဗြိတိန်မှာ Silver BRIT certification ရရှိတဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်လာ
ရောင်နီ(NSS) - ဖေဖော်ဝါရီ ၁ဝ
BLACKPINK ရဲ့ "BORN PINK” အယ်လ်ဘမ်ဟာ ဗြိတိန်မှာ Silver BRIT certification ရရှိခဲ့တဲ့ ဒုတိယမြောက် အယ်လ်ဘမ် ဖြစ်လာခဲ့ပါတယ်။
အဆိုပါ ကြေညာချက်ဟာ ဖေဖော်ဝါရီလ ၉ ရက်မှာ British Phonographic Industry (BPI) မှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ BPI ရဲ့ အသိအမှတ်ပြုလက်မှတ် သတ်မှတ်ချက်များအရ သီချင်း အယ်လ်ဘမ် အချပ်ရေ ၆၀,၀၀၀ ယူနစ်ထိ ရောင်းချနိုင်ရင် Silver အဆင့်ရရှိမှာဖြစ်ပြီး Single song တွေကတော့ ၂၀၀,၀၀၀ ယူနစ်ထိ ရောင်းချနိုင်ရင် Silver အဆင့်ရရှိမှာဖြစ်ပါတယ်။ အခု "Born Pink" အယ်လ်ဘမ်ဟာ အဆိုပါအဆင့်သတ် မှတ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့် Silver အဆင့်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
BLACKPINK ဟာ ၂၀၂၀ ခုနှစ်ကလည်း ၎င်းတို့ရဲ့ "The Album" နဲ့ Silver အဆင့်ရရှိခဲ့သလို singles song တွေမှာလည်း "Kiss and Make Up” ၊ “Kill This Love”၊ “DDU-DU DDU-DU” နဲ့ "How you like that" သီချင်းတွေနဲ့ Silver BRIT certification ရရှိခဲ့ပါတယ်။ Black Pink အဖွဲ့ဟာ တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး K POP အဖွဲ့ဖြစ်ပြီး Jennine, Lisa, Jisoo, Rose ဆိုတဲ့ အဖွဲ့ဝင် ၄ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Black Pink ဟာ တောင်ကိုရီးယား K POP လောကမှာ ၈ နှစ်ကြာ အောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA၊ PDF ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က (၈၀)ရာခိုင်နှုန်းခန့် ပြန်လည်ထိန်းချုပ်နိုင်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ