မြန်မာနိုင်ငံနှင့်ချုပ်ဆိုထားသော နယ်စပ်လွတ်လပ်စွာသွားလာခွင့်သဘောတူညီချက်ကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရပြော
Pika (NSS) - ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံအတွင်းသို့ ထောင်နှင့်ချီသော မြန်မာနိုင်ငံသား များ ထွက်ပြေးလာခဲ့မှုနှင့်အတူ မြန်မာနိုင်ငံနှင့်ချုပ်ဆိုထားသော နယ်စပ်လွတ်လပ်စွာသွားလာခွင့် သဘောတူညီ ချက်ကို ချက်ချင်းရပ်ဆိုင်းရန် အကြုံပြုခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ဖေဖော်ဝါရီလ (၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် နယ်စပ်ဇုန်အတွင်း နေထိုင်သူများကို ဗီဇာမလိုဘဲ အိမ်နီးချင်း နိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့်သဘောတူညီချက်ကို ဖျက်သိမ်းရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း Amit Shah က ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံကြားနယ်စပ်တွင် နေထိုင်သူအများစုသည် ယဉ်ကျေးမှုနှင့်ဘာသာရေးအရ နီးကပ်သော ဆက်ဆံရေးများ ရှိကြကြောင်းလည်း သိရသည်။ Amit Shah က "မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသတွေရဲ့လူဦးရေစာရင်းကို ထိန်းသိမ်းထားဖို့နဲ့ အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးကိုအာမခံနိုင်ဖို့အတွက် ဒီအရာက လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါရပ်ဆိုင်းမှုတွင် ပြီးခဲ့သည့်နှစ်မေလက ဟိန္ဒူ Meitei လူမျိုးစု နှင့် ခရစ်ယာန်ကူကီးလူမျိုးစုတို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် လူ(၂ဝဝ)ကျော် သေဆုံးခဲ့သည့် မဏိပူရပြည်နယ်လည်း ပါဝင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတွင်းသို့ ထွက်ပြေးလာသူအများစုသည် ကူကီးလူမျိုးစုနှင့် နီးကပ်သော ဆက်ဆံရေးများ ရှိကြကြောင်းလည်း သိရသည်။ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh က "နှစ်နိုင်ငံကြား နယ်စပ် လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက်ကို အဆုံးသတ်လိုက်တာဟာ တရားမဝင် ဝင်ရောက်တာကို ထိန်းချုပ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ပြည်တွင်းလုံခြုံရေးကို ပိုမိုအားကောင်းလာစေဖို့အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇရပ်ကြီးမြို့အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ပရဟိတယာဉ်ပေါ်၌ KNLA၊ PDF အဖွဲ့ဝင်အချို့၏ အလောင်းများနှင့် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ