ဇရပ်ကြီးမြို့အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ပရဟိတယာဉ်ပေါ်၌ KNLA၊ PDF အဖွဲ့ဝင်အချို့၏ အလောင်းများနှင့် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိဟုဆို
Pearl (NSS) - ဖေဖော်ဝါရီ ၉
ဇရပ်ကြီးမြို့အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ပရဟိတယာဉ်ပေါ်၌ KNLA၊ PDF အဖွဲ့ဝင်အချို့၏ အလောင်းများနှင့် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ တပ်မတော်လုံခြုံရေးစခန်း နှင့် ရဲစခန်းတို့ကို KNLA ၊ PDF အဖွဲ့က အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။
ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် KNLA ၊ PDF အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၈ ရက်)၊ နံနက် (၆)နာရီခန့်တွင် ဇရပ်ကြီးမြို့အရှေ့ဘက်အခြမ်းတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်စဉ် ကားလမ်းဘေးနေရာတစ်ခု၌ လမ်းဘေးထိုးကျပျက်စီးနေသည့် အလင်းစေတမန် ပရဟိတ အသင်း၏ လူနာသယ်ယာဉ်တစ်စီးအားတွေ့ရှိခဲ့ပြီး အဆိုပါယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် KNLA ၊ PDF အဖွဲ့ဝင်အချို့၏ အလောင်းနှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ် ဆောင်ရွက်ရာ ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ကျန်ရှိခဲ့သည့် လက်နက်၊ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေး အဆောက်အဦးတစ်ခုအတွင်း၌ KNLA၊ PDF အဖွဲ့ဝင် အချို့၏ အလောင်းများနှင့်အတူ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဇရပ်ကြီးမြို့အတွင်း၌ လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း အသေးစိတ်ဆက်လက် ဆောင်ရွက်နေကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဇရပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လူနေအိမ် မီးလောင်ပျက်စီးမှုများ၊ အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည့်အပြင် ဒေသခံများသည်လည်း နေရပ်စွန်ခွာ စစ်ဘေးရှောင်နေရလျက်ရှိသည်။
ထို့ပြင် ကျွဲပွဲ - ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ ဒေသခံများ အသုံးပြုလျက်ရှိသော စစ်တောင်းမြစ်ကူးတံတား(အရှည် ၁၂၀၀ ပေ) သံကူကွန်ကရစ်အမျိုးအစား မြို့ဆိုးတံတားကိုလည်း KNLA၊ PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက ပြန်ပြည့်မြဲစွမ်းအင် အချိုးအစား တိုးတက်လာနိုင်ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း