ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ဝန်ထမ်း (၂၀)ခန့် ခေါ်ယူလျက်ရှိ
စော (NSS) - ဖေဖော်ဝါရီ ၈
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၂၀)ခန့် ခေါ်ယူလျက်ရှိကြောင်း သိရသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ယနေ့ (ဖေဖော်ဝါရီလ ၈ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာန၌ စိစစ်ရေးမှူး (၂) ရာထူးအတွက် ဝန်ထမ်း (၂၀)ဦးခန့် ခန့်အပ်သွားမည်ဖြစ်ပြီး B.Com, B.Econ(Economic), B.Econ(Statistics), B.Act, B.B.A, B.P.A, B.P.S, B.Dev.S, B.B.Sc , B.A (BS), B.A (Eco), B.A (BM), B.C.Sc, B.C.Tech, B.Sc (Computer Science), B.A (Eng) စသည့် ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ နေပြည်တော်နှင့်သက်ဆိုင် ရာ တိုင်းနှင့်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတများ ဖြေဆိုရမည်ဖြစ်၍ အောင်မြင်သူများသည် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာစစ်ဆေးခြင်းများ ထပ်မံစစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Website www.mopf.gov.mm တွင် ရယူနိုင်ပြီး နေပြည်တော်၊ ရုံးအမှတ် (၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)နှင့် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများသို့ ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ ပေးပိုရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံရှိ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ရုံးများ အပြင်ဖက်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂၈)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ