ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူများအနက်မှ ၂၅ ရာခိုင်နှုန်းသေဆုံးခဲ့ဟု အစ္စရေးစစ်တပ်ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၈
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူတွေထဲက ၂၅ ရာခိုင်နှုန်းဟာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းအစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူပေါင်း ၂၀၀ ကျော် ပြန်ပေးဆွဲခံရကြောင်းသိရပါတယ်။ အစ္စရေးစစ်တပ်က ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ဆက်လက်ဖမ်းဆီးခံထားရသူ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းသေဆုံးခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်တို့ဟာ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးခံထားရသူများကို အပြန်အလှန်ပြန်လွှတ်ပေးခဲ့ရာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ထဲဖမ်းဆီးခံထားရသူ လူပေါင်း ၂၀၀ ကျော်အနက်မှ ၁၀၀ နီးပါးပြန်လည်လွတ် မြောက်လာခဲ့ပြီး လူပေါင်း ၁၃၆ ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ဖမ်းဆီးခံထားရသူတွေထဲက လူပေါင်း ၃၁ ဦးသေဆုံးခဲ့ကြောင်းအစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဒန်နီရယ် ဟာဂါရီက ပြောပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ (၄)လကျော်လာနေပြီး ပါလက်စတိုင်းပြည်သူ ၂၇၀၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။ အစ္စရေးစစ်တပ်က ဟားမက်စ်အဖွဲ့လက်ထဲမှာ ဆက် လက်ဖမ်းဆီးခံထားရသူတွေထဲက အနည်းဆုံး ၃၁ ဦးနဲ့ ၅၀ ဦးကြားသေဆုံးခဲ့တယ်လို့ပြောဆိုထားပေမယ့် ဘယ်လိုပုံစံမျိုးသေဆုံးခဲ့တယ်ဆိုတဲ့အချက်ကို အသေး စိတ်သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့ပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း မြောက်ကိုရီးယားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ