တောင်ကိုရီးယားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း မြောက်ကိုရီးယားအစိုးရပြော
Pika (NSS) - ဖေဖော်ဝါရီ ၈
တောင်ကိုရီးယားနိုင်ငံနှင့်ချုပ်ဆိုထားသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်များအားလုံးကို ဖျက်သိမ်းရန်အတွက် မြောက်ကိုရီးယားလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီKCNA က ဖေဖော်ဝါရီလ(၈)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံရှိ Kumgang တောင် ခရီးသွားလုပ်ငန်းလည်ပတ်မှုဆိုင်ရာ အထူးဥပဒေအပါအဝင် တောင်ကိုရီးယားနှင့်စီးပွားရေးဆက်ဆံမှုဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်းလည်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်နယ်စပ်ရှိ Kumgang တောင်ခရီးသွားလုပ်ငန်းသည် ၂၀၀၀ ခုနှစ်အစောပိုင်းများတွင် နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများ စတင်ခဲ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှ ခရီးသွား(၂)သန်းခန့် လာရောက်လည် ပတ်ခဲ့ကြကြောင်းသိရသည်။ သို့သော်လည်း ကန့်သတ်ဇုန်အတွင်းသို့ တောင်ကိုရီးယားခရီးသွားတစ်ဦး လမ်းမှားရောက်ရှိခဲ့ကာ မြောက်ကိုရီးယားအစောင့်များက သေ နတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် အဆိုပါစီမံကိန်းကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုထားသော တင်းမာမှုလျှော့ချရေး သဘောတူညီချက်များကို ဖျက်သိမ်းခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေးများကို ပိုမိုမြှင့်တင်ကာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများသည် ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဖေဖော်ဝါရီလ(၇)ရက်တွင် လူသုံးကုန်နှင့်အစားအသောက်ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအသစ်ကို အကောင်အထည် ဖော်မှုတစ်စိတ်တစ်ပိုင်းအဖြစ် စက်ရုံများကို ခေတ်မီအောင်လုပ်ဆောင်ရန်အတွက် လမ်းညွှန်ပေးခဲ့ကြောင်း KCNA ကဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှအိမ်ခြံမြေဝယ်ယူသူများသည် ဘန်ကောက်မြို့အပြင် ဖူးခက်နှင့်ချင်းမိုင်မြို့တို့၌ အိမ်ခြံမြေဝယ်ယူမှု ပိုမိုများပြားလာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း