ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုချက်တွေကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ငြင်းဆန်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၈
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အပစ်ခတ်ရပ်စဲဖို့ ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အပစ် ခတ်ရပ်စဲရေးရယူရေးသဘောတူညီချက်များ မကြာခင်ရလာမယ်လို့ အစောပိုင်းကသတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမက်စ်လက် နက်ကိုင်အုပ်စုနဲ့အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီး အစ္စရေးစစ်သားတွေကို ဂါဇာဒေသတောင်ပိုင်းကို ရွှေ့ပြောင်းပေးဖို့ အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ဂါဇာဒေသ တောင်ပိုင်းရာဖယ်မြို့မှာ စစ်ဆင်ရေးတွေလုပ်ဖို့ တပ်ဖွဲ့ဝင်တွေ ပြင်ဆင်ထားရမယ်။ ဟားမက်စ်အဖွဲ့အပေါ် အလုံးစုံနိုင်ပွဲရချိန်အထိ ဆက်တိုက်သွားရမယ်"လို့ ပြောပါတယ်။ အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့ဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးအတွက် ကြားဝင် ကြိုးပမ်းနေကြောင်းသိရပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ (၄)လကျော်ကြာမြင့်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေထံ သွားရောက်ခဲ့ပြီး ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ အပစ်ခတ်ရပ်စဲရေး တောင်းဆို ချက်တွေကို လက်ခံလိုက်မယ်ဆိုရင် ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်တော့မှာမဟုတ်ဘူး၊ဆိုးရွားတဲ့အဖြစ်အပျက်တွေထပ်မံဖြစ်လာအောင် ဖိတ်ခေါ်သလိုမျိုးဖြစ်လာစေမယ်"လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုရားကြီးမြို့တွင် ဈေးဆိုင်အတွင်းရှိ ရေခဲသေတ္တာအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဆိုင်လုံး မီးလောင်ဆုံးရှုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ