ဘုရားကြီးမြို့တွင် ဈေးဆိုင်အတွင်းရှိ ရေခဲသေတ္တာအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဆိုင်လုံး မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၈
ပဲခူးတိုင်း၊ ပဲခူမြို့နယ်၊ ဘုရားကြီးမြို့တွင် ဈေးဆိုင်အတွင်းရှိ ရေခဲသေတ္တာအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဆိုင်လုံးမီးလောင် ဆုံးရှုံးသွားခဲ့ကြောင်း ပဲခူးမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၈ ရက်)၊ နံနက် ၆နာရီ ၂၀မိနစ်အချိန်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ ဌေးဌေးမြတ်ရေခဲမု့န်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက ဈေးဆိုင်အတွင်းက ရေခဲသေတ္တာ safeguard အပူလွန်ကဲရာမှစတင်မီးလောင်တာပါ။ ဆိုင်တစ်ဆိုင်လုံး မီးလောင်သွားတာပါ။ လူထိခိုက်မှုမရှိပါဘူး။ ဆိုင်စောင့်လဲမရှိပါဘူး”ဟု ပဲခူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဈေးဆိုင်အတွင်းရှိ ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံသွားခဲ့ကြောင်း သိရသည်။
“ဆုံးရှုံးမှုတန်ဖိုးက သုံးဆယ့်ငါးသိန်းပါ။ အကြံပြုချင်တာက ကျွန်တော်တို့မှာနေကြ စကားရှိပါတယ်။ အပြင်ထွက်တော့မယ်ဆို မီးခလုတ်တွေပိတ်၊ မိန်းခလုတ်တွေချဖို့ပြောနေပေမယ့်မီးသတ်ဦးစီးဌာနက လမ်းညွှန်ချက်တွေကိုပြည်သူတွေလိုက်နာဖို့ လိုအပ်ကြောင်းလေးပြောချင်ပါတယ်”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်အား ပဲခူးမြို့နယ်မီးသတ်စခန်းနှင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ (၁၅)မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်တင်ပို့မှုကျဆင်းလာခြင်းကြောင့် ကြက်သွန်နီကုန်သည်များ အရှုံးပေါ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း