MNL ပွဲစဉ်များနှင့် နှစ်အတန်ကြာဝေးခဲ့ပြီးနောက် ရခိုင်ယူနိုက်တက်အသင်းနှင့် ပြန်လည်စာချုပ်ချုပ်ဆိုခဲ့သော တိုက်စစ်မှူးကျော်ကိုကို
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၈
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များနှင့် နှစ်အတန်အကြာဝေးကွာခဲ့ပြီးနောက် MNL ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်သော ရခိုင်ယူနိုက်တက်အသင်းနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
တိုက်စစ်မှူး ကျော်ကိုကို နှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်) တွင် တစ်နှစ်စာ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းလိဂ်ပွဲစဉ်များနှင့် နှစ်အတန်ကြာဝေးကွာခဲ့ရသည့် တိုက်စစ်မှူးကျော်ကိုကိုသည် မြန်မာ့လက်ရွေးစင် ပဏမ ကစားသမားစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ပြီးနောက် ရခိုင်ယူနိုက်တက်အသင်းက ယခုကဲ့သို့ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် အသက်(၃၁)နှစ်ပြည့်ပြီဖြစ်သော တိုက်စစ်မှူးကျော်ကျော်ကိုသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ထိုင်းလိဂ်(၂)၏အသင်း တစ်သင်းဖြစ်သော PHRAE United အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ပြည်တွင်း MNL သို့ တစ်ဖန်ပြန်လည်ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်အသင်းများတွင် ကစားသမားလစာကို ပထမဆုံးကြေညာခေါ်ယူသည့် အသင်းတစ်သင်းဖြစ်ပြီး ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ကစားသမားကောင်းများကို အားဖြည့်ခေါ်ယူနေသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုချက်တွေကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ငြင်းဆန်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း