ကော်ဘရာဂိုးလ်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း နစ်မြှုပ်ခဲ့တဲ့ ထိုင်းစစ်သင်္ဘောကို ပြန်လည်ဆယ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၈
ထိုင်းရေတပ်တပ်ဖွဲ့ဟာ အမေရိကန်ရေတပ် တပ်ဖွဲ့နဲ့ပူးပေါင်းပြီး HTMS Sukhothai စစ်သင်္ဘောပြန်လည်ဆယ်ယူရေးကို ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
ထိုင်းရေတပ် တပ်ဖွဲ့ဟာ ဒီလအတွင်းစတင်မယ့် ကော်ဘရာဂိုးလ်စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အတွင်း နစ်မြှုပ်ခဲ့ရတဲ့ စစ်သင်္ဘောပြန်လည်ရှာဖွေရေးလုပ်ငန်းစဉ်များကို စတင်တော့မှာဖြစ်ကြောင်းသိရပါတယ်။ အခုလိုမျိုး နစ်မြှုပ်ခဲ့ရတဲ့ စစ်သင်္ဘောကို ပူးပေါင်းပြန်လည်ဆယ်ယူမယ့် လုပ်ငန်းစဉ်ဟာ ထိုင်းစစ်တပ် နဲ့ အမေရိကန်စစ်တပ်ကြား ခိုင်မာတဲ့ဆက်ဆံရေးကို ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ထိုင်းရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chatchai Thongsaad က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွက် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တွေကို ဖေဖော်ဝါရီလအတွင်းစတင်မှာဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်ပူးပေါင်းပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းရေတပ် တပ်ဖွဲ့ဟာ နစ်မြှုပ်သွားတဲ့ စစ်သင်္ဘောပြန်လည်ဆယ်ယူရေးလုပ်ငန်းစဉ်တွေထဲမှာ သင်္ဘောအတွင်းပိတ်မိကာ အသက်သေဆုံးသွားသူတွေနဲ့ပတ်သက်တဲ့အရာတွေကို ပြန်လည်ဆယ်ယူမှာဖြစ်သလို အခြားအရာတွေကိုလည်း ပြန်လည်ဆယ်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ ထိုင်းရေတပ် တပ်ဖွဲ့ဟာ နစ်မြှုပ်သွားတဲ့ သင်္ဘောပြန် လည်ဆယ်ယူရေးအစီအစဉ်ကို ဦးဆောင်မှာဖြစ်ပြီး အမေရိကန်ရေတပ်တပ်ဖွဲ့က ပူးပေါင်းကူညီပေးမှာဖြစ်ကြောင်းဆိုပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပမယ့် ကော်ဘရာဂိုးလ်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ဟာ အာရှတိုက်အတွင်းကျင်းပတဲ့ စစ်ရေးလေ့ကျင့်ခန်းတွေထဲမှာ အချိန်အကြာဆုံးပြုလုပ်မယ့်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNL ပွဲစဉ်များနှင့် နှစ်အတန်ကြာဝေးခဲ့ပြီးနောက် ရခိုင်ယူနိုက်တက်အသင်းနှင့် ပြန်လည်စာချုပ်ချုပ်ဆိုခဲ့သော တိုက်စစ်မှူးကျော်ကိုကို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ