မင်းကင်းမြို့နယ်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦး သေဆုံးဟု နစက ထုတ်ပြန်
Pearl (NSS) - ဖေဖော်ဝါရီ ၈
မင်းကင်းမြို့နယ်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦး သေဆုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက် (၆)နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက ကျေးရွာ၏ အနောက်ဘက်မီတာ ၄၀၀ ခန့်အကွာမှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းနေထိုင်လျက်ရှိသည့် အမျိုးသား(၄)ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း နစကမှဆိုသည်။
အလားတူ အကြမ်းဖက်သမားများသည် အဆိုပါကျေးရွာ၏ အနောက်ဘက်ခြမ်းသို့ ဝင်ရောက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် လူနေအိမ် (၃၅)လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး ၎င်းတို့သည်လည်း လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများ၏ ယခုကဲ့သို့မြို့/ ရွာ၊ လူနေရပ်ကွက်များအတွင်းသို့ ပစ်ခတ်တိုက် ခိုက်မှုများကြောင့် ဒေသခံပြည်သူ သေဆုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နေကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်၌လည်းလိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင် ရွက်နေကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော်ဘရာဂိုးလ်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း နစ်မြှုပ်ခဲ့တဲ့ ထိုင်းစစ်သင်္ဘောကို ပြန်လည်ဆယ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ